အာဆင်နယ် ကတော့ ၂၀၂၅-၂၆ ဘောလုံးရာသီရဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဒါဟာ မီခဲလ် အာတေးတားရဲ့ အသင်း အနေနဲ့ သမိုင်းဝင် ဆုဖလား ၄ လုံး ကို ဆွတ်ခူးနိုင်ဖို့ ပထမဆုံးခြေလှမ်းကို စတင်ခွင့် ရရှိလိုက်တာလည်း ဖြစ်ပါတယ်။
ခရာဘောင်ဖလား ဗိုလ်လုပွဲကို မတ်လ ၂၂ ရက်နေ့မှာ ဝင်ဘလေကွင်းကြီးမှာ ကျင်းပမှာ ဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ ချဲလ်ဆီးကို နှစ်ကျော့ပေါင်း ရလဒ် ၄-၂ နဲ့ အနိုင်ယူပြီး တက်လှမ်းလာခဲ့တာပါ။ ဇန်နဝါရီလ အတွင်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ ပထမအကျော့က တော်တော်လး ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းခဲ့ပေမယ့် အမ်းမရိတ်ကွင်းက ဒုတိယအကျော့ ကတော့ မျှော်လင့်ထားသလောက် ပွဲက မမြိုင်ဆိုင်ခဲ့ပါဘူး။ ဒါပေမယ့်လည်း အာဆင်နယ် ပရိသတ်တွေ အတွက် ဒါတွေက အရေးမပါခဲ့ပဲ ဗိုလ်လုပွဲ တက်လှမ်းနိုင်ခဲ့ခြင်း ကသာ အဓိက ကျခဲ့ပါတယ်။
မီခဲလ် အာတေးတားက ၂၀၁၉-၂၀၂၀ မှာ အက်ဖ်အေဖလား ရယူပေးခဲ့ပြီး နောက်ပိုင်း ၆ နှစ် အတွင်း ကလပ် အတွက် ပထမဆုံးသော အဓိက ဆုဖလားကြီးကို ပြန်လည် ရယူနိုင်ဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခရာဘောင်ဖလား ပြိုင်ပွဲရဲ့ သမိုင်းကြောင်းအရတော့ အာဆင်နယ် အတွက် အခြေအနေ သိပ်မကောင်းလှပါဘူး။
အာဆင်နယ်ရဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ ရလဒ်များ
ခရာဘောင်ဖလား သို့မဟုတ် လိဂ်ဖလားလို့ လူသိများတဲ့ ဒီပြိုင်ပွဲကို ၁၉၈၀ ပြည့်နှစ်တွေက စပြီး ကူညီပံ့ပိုးသူ (Sponsor) တွေ အပေါ် မူတည်ပြီး အမည်တွေ အမျိုးမျိုး ပြောင်းလဲ ခေါ်ဝေါ်ခဲ့ကြပါတယ်။ အာဆင်နယ်ဟာ ဒီပြိုင်ပွဲ စတင်ပြီး နှစ်အနည်းငယ် အကြာ ၁၉၆၇-၁၉၆၈ မှာ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ အခု ၂၀၂၆ ခုနှစ် မတိုင်ခင် နောက်ဆုံး အကြိမ် ဗိုလ်လုပွဲ တက်ခဲ့တာ ကတော့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ သမိုင်းတလျှောက် ဒီဖလားကို နှစ်ကြိမ်သာ ရယူနိုင်ခဲ့ပါတယ်။ နောက်ဆုံး အကြိမ် ရယူနိုင်ခဲ့တာက ၁၉၉၂-၁၉၉၃ က ဖြစ်ပြီး၊ အဲဒီပွဲမှာ အနိုင်ဂိုး သွင်းခဲ့တဲ့ စတိဗ် မော်ရိုးဟာ အောင်ပွဲခံရင်း လက်မောင်းရိုး ကျိုးသွားခဲ့တဲ့ ဖြစ်ရပ် ကလည်း အမှတ်တရ ဖြစ်ခဲ့ပါတယ်။
အာဆင်နယ်ရဲ့ တခြား အောင်မြင်မှု တစ်ခု ကတော့ ၁၉၈၆-၁၉၈၇ ရာသီက ဖြစ်ပြီး ချားလ် နီကိုးလပ်စ် ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ လစ်ဗာပူးလ်ကို အနိုင်ယူခဲ့တာပါ။ ဒါပေမယ့် အာဆင်နယ်ဟာ ဗိုလ်လုပွဲမှာ ၆ ကြိမ် အထိ ရှုံးခဲ့ပြီး ထူးခြားတာက တစ်ကြိမ်စီမှာ မတူညီတဲ့ ပြိုင်ဘက် ၆ သင်းကို ရှုံးနိမ့်ခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုးဝါးဆုံး ရှုံးနိမ့်မှု နှစ်ခု ကတော့ ၁၉၆၈-၁၉၆၉ မှာ အောက်လိဂ် အသင်း ဖြစ်တဲ့ စဝင်ဒွန်တောင်းကို ရှုံးခဲ့သလို၊ ၂၀၁၀-၂၀၁၁ မှာလည်း နောက်တန်းလူ ကိုစီယဲလ်နီနဲ့ ဂိုးသမား ရှက်ဇီနီတို့ နားလည်မှုလွဲတာကို အခွင့်ကောင်းယူပြီး ဘာမင်ဂမ်စီးတီးက အနိုင်ယူသွားခဲ့ပါတယ်။ လစ်ဗာပူး၊ ချဲလ်ဆီးနဲ့ တော့တင်ဟမ်ဟော့စပါး တို့ဟာ ဗိုလ်လုပွဲ ၅ ကြိမ်စီ ရှုံးနိမ့်ဖူးကြပေမယ့်၊ အာဆင်နယ်ရဲ့ ၆ ကြိမ် ဆိုတဲ့ ရှုံးနိမ့်မှု စံချိန် ကိုတော့ မမီကြသေးပါဘူး။
အာဆင်နယ်ရဲ့ ခရာဘောင်ဖလား ဗိုလ်လုပွဲ မှတ်တမ်းများ
- ၁၉၆၇–၆၈ လိဒ်စ်ယူနိုက်တက် ၁–၀ အာဆင်နယ်
- ၁၉၆၈–၆၉ အာဆင်နယ် ၁–၃ စဝင်ဒွန်တောင်း
- ၁၉၈၆–၈၇ အာဆင်နယ် ၂–၁ လစ်ဗာပူးလ်
- ၁၉၈၇–၈၈ လူတန်တောင်း ၃–၂ အာဆင်နယ်
- ၁၉၉၂–၉၃ အာဆင်နယ် ၂–၁ ရှက်ဖီးလ်ဝမ်းနက်စ်ဒေး
- ၂၀၀၆–၀၇ ချဲလ်ဆီး ၂–၁ အာဆင်နယ်
- ၂၀၁၀–၁၁ အာဆင်နယ် ၁–၂ ဘာမင်ဂမ်စီးတီး
- ၂၀၁၇–၁၈ အာဆင်နယ် ၀–၃ မန်စီးတီး
ခရာဘောင်ဖလား ဗိုလ်လုပွဲကို အများဆုံး တက်ရောက်နိုင်တဲ့ အသင်းများ
- လစ်ဗာပူးလ် – ၁၅ ကြိမ် (နိုင်ပွဲ ၁၀ ပွဲ၊ ရှုံးပွဲ ၅ ပွဲ)
- မန်ချက်စတာယူနိုက်တက် – ၁၀ ကြိမ် (နိုင်ပွဲ ၆ ပွဲ၊ ရှုံးပွဲ ၄ ပွဲ)
- ချဲလ်ဆီး – ၁၀ ကြိမ် (နိုင်ပွဲ ၅ ပွဲ၊ ရှုံးပွဲ ၅ ပွဲ)
- မန်ချက်စတာစီးတီး – ၉ ကြိမ် (နိုင်ပွဲ ၈ ပွဲ၊ ရှုံးပွဲ ၁ ပွဲ)
- အက်စတွန်ဗီလာ – ၉ ကြိမ် (နိုင်ပွဲ ၅ ပွဲ၊ ရှုံး ၄ ပွဲ)
- တော့တင်ဟမ်ဟော့စပါး – ၉ ကြိမ် (နိုင်ပွဲ ၄ ပွဲ၊ ရှုံးပွဲ ၅ ပွဲ)
- အာဆင်နယ် – ၈ ကြိမ် (နိုင်ပွဲ ၂ ပွဲ၊ ရှုံးပွဲ ၆ ပွဲ)
- • နော့တင်ဟမ်ဖောရက်စ် ၆ ကြိမ် (နိုင်ပွဲ ၄ ပွဲ၊ ရှုံးပွဲ ၂ ပွဲ)
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


