နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

၂၀၂၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ အလားအလာအရှိဆုံး အသင်း ၅ သင်း

၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ ကျင်းပဖို့က တော်တော်လေး နီးကပ်လာပြီ ဖြစ်ပါတယ်။ ဒါကြောင့် လက်ရှိ ခြေစွမ်း၊ လူအင်အားနဲ့ ခြေစစ်ပွဲရလဒ်တွေ အပေါ် မူတည်ပြီး Sports Illustrated ကနေ ဖော်ပြခဲ့တဲ့ အလားအလာ အရှိဆုံး ထိပ်သီး အသင်း ၅ သင်းကို ပြန်လည် သုံးသပ် ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

 

၅။ ပေါ်တူဂီ 

ပေါ်တူဂီ လက်ရွေးစင် အသင်းမှာ အားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံရမှာက ကစားသမားဘဝ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဆင်နွှဲမယ့် ခရစ္စတီယာနို ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ အလားအလာ အရှိဆုံး အသင်းတွေထဲမှာ ပါဝင်နေတဲ့ ပေါ်တူဂီ

ပေါ်တူဂီ လက်ရွေးစင် အသင်းမှာ အားလုံးရဲ့ အာရုံစိုက်ခြင်းကို ခံရမှာက ကစားသမားဘဝ ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ဆင်နွှဲမယ့် ခရစ္စတီယာနို ရော်နယ်ဒိုပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီမှာ ရော်နယ်ဒို အပြင် အသင်းမှာ အန်တိုနီယို ဆေးလ်ဗား၊ နူနို မန်ဒက်စ် တို့လို နောက်ခံလူတွေ၊ ဗစ်တင်ညာ၊ ယာအို နီးဗက်စ် တို့လို ကွင်းလယ်လူတွေနဲ့ ရာဖေးလ် လီယောင် တို့လို တိုက်စစ် ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတာကြောင့် နည်းပြ ရော်ဘတ်တို မာတီနက်ဇ် အတွက် ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့ လူအင်အား အပြည့်အစုံ ရှိနေတယ်လို့ သတ်မှတ်နိုင်ပါတယ်။

 

၄။ ပြင်သစ်

ပြင်သစ် လက်ရွေးစင် အသင်း ကတော့ ခြေစစ်ပွဲမှာ ရှုံးပွဲ လုံးဝ မရှိခဲ့ပဲ အဓိက ပြိုင်ပွဲကြီးဆီ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်လွန်ဒေါဆုရှင် အူစမန်နီ ဒမ်ဘီလီ အပါအဝင် ကီလီယန် အမ်ဘာပေး၊ မိုက်ကယ် အိုလီဆေး တို့လို လျှပ်စီးလက်သလို မြန်ဆန် ထက်မြတ်တဲ့ တိုက်စစ် အင်အားကို ပိုင်ဆိုင်ထားပါတယ်။ အဓိက မေးခွန်းထုတ်စရာ ကတော့ ခေါင်းဟောင်းဆန်လာတဲ့ နည်းပြ ဒီဒီယာ ဒက်စ်ရွှမ့်စ်ရဲ့ ကစားကွက် ဖြစ်ပြီး သူသာ တိုက်စစ်ကို လိုသလို ဖွင့်ကစားခိုင်းမယ် ဆိုရင် ပြင်သစ်ကို ဘယ်အသင်းမှ တားဆီးနိုင်မယ် မထင်ပါဘူး။ 

 

၃။ အင်္ဂလန် (England)

နည်းပြ သောမတ်စ် တူချယ် လက်ထက်မှာ အင်္ဂလန် အသင်းက သိသိသာသာ ပြောင်းလဲမှုတွေ ရှိလာပါတယ်။ ခြေစစ်ပွဲ ၈ ပွဲစလုံးမှာ တစ်ဂိုးမှ မပေးရဘဲ အနိုင်ရရှိခဲ့တာက မှတ်တမ်းကောင်း တစ်ခုပါ။ လူအင်အား တောင့်တင်းပေမယ့် အင်္ဂလန်အတွက် အဓိက စိန်ခေါ်မှု ကတော့ ဗြိတိန်မီဒီယာတွေရဲ့ အလွန်အမင်း အားပေးအားမြှောက်ပြုပြီး ဖိအားပေးမှုတွေနဲ့ ၁၉၆၆ နောက်ပိုင်း ဆုဖလားနဲ့ ဝေးကွာနေတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အဟန့်အတားတွေကို ကျော်လွှားနိုင်ဖို့ပဲ ဖြစ်ပါတယ်။ တကယ်တော့ အင်္ဂလန်ဟာ ပြိုင်ပွဲတိုင်းမှာ နာမည်ကြီးသလို ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်တတ်ပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း နာမည်ကြီးသလို ထမင်းငတ်တတ်တာ ကလည်း အင်္ဂလန်ရဲ့ Trademark တစ်ခုလို ဖြစ်နေခဲ့ပါပြီ။

 

၂။ အာဂျင်တီးနား

အာဂျင်တီးနား အတွက် အကြီးမားဆုံး မေးခွန်း ကတော့ “ မက်ဆီ ပါဝင်ကစားမှာလား” ဆိုတာပါပဲ။ ဒါပေမယ့် မက်ဆီ ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားကို ထိန်းသိမ်းနိုင်ဖို့ ရေပန်းအစားဆုံး အသင်း စာရင်းမှာ ပါဝင်နေတယ် ဆိုတာတော့ ငြင်းလို့ မရပါဘူး။ သူတို့ဟာ တောင်အမေရိက ခြေစစ် ပွဲစဉ်တွေ မှာလည်း တခြား အသင်းတွေကို အပြတ်အသတ် အသာစီး ရယူပြီး အဆင့် (၁) နဲ့ တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။

၁။ စပိန် လက်ရှိ စပိန် လက်ရွေးစင် အသင်းရဲ့ လူစာရင်း ကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် တခြားသော အသင်းတွေ အတွက် မတရားဘူးလို့ ထင်ရလောက်အောင်ကို တောင့်တင်းလွန်းနေပါတယ်။ ပက်ဒရီ၊ ဂါဗီ၊ ရိုဒရီ တို့လို ကွင်းလယ်လူတွေ အပြင် တောင်ပံမှာ လာမင်း ယာမယ် တို့လို လူငယ် ကြယ်ပွင့်တွေ ရှိနေတာ ကလည်း သူတို့ရဲ့ အားသာချက် ဖြစ်နေပါတယ်။ ယူရို ၂၀၂၄ မှာ ဗိုလ်စွဲခဲ့တဲ့ အရှိန်အဟုန်နဲ့ အတူ အုပ်စုတွင်း မှာလည်း ကိပ်ဗာဒီ၊ ဆော်ဒီအာရေဗျ၊ ဥရုဂွေး တို့နဲ့ ကျရောက်နေတာကြောင့် စပိန် အသင်းရဲ့ ဗိုလ်လုပွဲ သွားရာ လမ်းကြောင်းက တော်တော်လေး ချောင်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်