နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နေမာကို ကြံ့ခိုင်မှု ပြည့်ဝမှ ကမ္ဘာ့ဖလား ပေးကစားမယ့် အန်ဆယ်လော့တီ

ဘရာဇီးလ် လက်ရွေးစင် အသင်း နည်းပြချုပ် ကာလို အန်ဆယ်လော့တီက အသင်းခေါင်းဆောင် ကွင်းလယ်လူ နေမာရဲ့ ကမ္ဘာ့ဖလား ကစားခွင့် မျှော်လင့်ချက်နဲ့ ပတ်သတ်လို့ သတင်းဆိုး တစ်ခုကို ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။ အီတလီလူမျိုး နည်းပြကြီးရဲ့ ပြောကြားချက်အရ နေမာ အနေနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရရေး၊ မရရေးက သူ့ရဲ့ ကြံ့ခိုင်မှု အပေါ်မှာသာ မူတည်နေတာ ဖြစ်ပါတယ်။

တကယ်တော့ အန်ဆယ်လော့တီဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းကို စတင် ကိုင်တွယ်ချိန် ကတည်းက နေမာရဲ့ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့် မျှော်လင့်ချက်နဲ့ ပတ်သတ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးသား ဖြစ်ပါတယ်။ အခုလည်း အန်ဆယ်လော့တီက နေမာရဲ့ လာမယ့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ကစားခွင့်က အာမခံချက် မရှိကြောင်းနဲ့ သူ့ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အပေါ် မှာသာ လုံးဝ မူတည်နေကြောင်း ပြတ်ပြတ် သားသား သတိပေးစကား ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ESPN နဲ့ အင်တာဗျူးမှာ အန်ဆယ်လော့တီက “ကျွန်တော် တို့က နေမာ ဘယ်လို ကစားသလဲ ဆိုတာ စောင့်ကြည့်ရမှာ မဟုတ်ဘူး။ ဒါက သိသာပါတယ်။ သူ့ရဲ့ အရည်အချင်းကို လူတိုင်း သိပါတယ်။ ဒါပေမယ့် ဒီဘက် ခေတ်ဘောလုံး ကမ္ဘာမှာ သူ့ရဲ့ အရည်အချင်းကို အကောင်းဆုံး အသုံးချနိုင်ဖို့ အတွက် ကစားသမား တစ်ယောက်က ကောင်းမွန်တဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှု အခြေအနေမှာ ရှိနေဖို့ လိုအပ်ပါတယ်။” လို့ ဆိုပါတယ်။

တကယ်တော့ အန်ဆယ်လော့တီဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းကို စတင် ကိုင်တွယ်ချိန် ကတည်းက နေမာရဲ့ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့် မျှော်လင့်ချက်နဲ့ ပတ်သတ်လို့ ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးသား ဖြစ်ပါတယ်။
ဒဏ်ရာကြောင့် မကြာခဏ ဆိုသလို အနားယူနေခဲ့ရတဲ့ နေမာ

ဆက်လက်ပြီး အန်ဆယ်လော့တီက“သူသာ အကောင်းဆုံး ကြံ့ခိုင်မှု အခြေအနေမှာ ရှိနေမယ် ဆိုရင် လက်ရွေးစင် အသင်းမှာ ပါဝင်ဖို့ ပြဿနာ မရှိပါဘူး။ လူတိုင်းက ကြံ့ခိုင်မှု ကောင်းမွန်နေတဲ့ နေမာ ကိုပဲ လက်ရွေးစင် အသင်းမှာ မြင်တွေ့ချင်ကြတာပါ။ ကျွန်တော် သူနဲ့ စကားပြောခဲ့ပြီး သူ့မှာ ပြင်ဆင်ဖို့ အချိန်အလုံအလောက် ရှိတယ်။ ကမ္ဘာ့ဖလားမှာ အသင်းကို အကောင်းဆုံး ကူညီနိုင်ဖို့ အကောင်းဆုံး နည်းလမ်းနဲ့ ပြင်ဆင်ထားဖို့ ပြောခဲ့ပါတယ်။ သူ့ကို ဘယ်နေရာမှာ ကစားစေမလဲ ဆိုရင် ကွင်းလယ် တိုက်စစ် ဒါမှမဟုတ် တိုက်စစ်မှူးစစ်စစ် နေရာမှာပါ။ သူက ဗဟိုမှာပဲ ကစားရပါမယ်။ တောင်ပံမှာ ကစားလို့ မရပါဘူး။ ဘာလို့လဲ ဆိုတော့ ခေတ်သစ် ဘောလုံးလောကက ခန္ဓာကိုယ် ကြံ့ခိုင်မှု အရည်အသွေးကောင်းတဲ့ တောင်ပံ ကစားသမားတွေကို လိုအပ်လို့ပါပဲ။”လို့ အန်ဆယ်လော့တီက ရှင်းပြခဲ့ပါတယ်။

အန်ဆယ်လော့တီဟာ ဇွန်လနဲ့ စက်တင်ဘာလ နိုင်ငံတကာ ပွဲစဉ်တွေ အတွက် နေမာကို လူစာရင်း ကနေ ချန်လှပ်ထားခဲ့ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေ အတွက် ရွေးချယ်ခဲ့တဲ့ လူစာရင်း ကနေ နေမာ ချန်လှပ်ခံခဲ့ရခြင်းနဲ့ ပတ်သက်ပြီးတော့ နည်းပြနဲ့ ကစားသမားတို့ အကြားမှာ သဘောထားကွဲလွဲမှု တစ်ခု ရှိခဲ့ပါတယ်။ နည်းပြချုပ် အန်ဆယ်လော့တီက တိုက်စစ်မှူးကို ကြံ့ခိုင်မှု ပြဿနာကြောင့် ချန်လှပ်ခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြခဲ့ပေမယ့် အသက် ၃၃ နှစ် အရွယ် နေမာ ကတော့ သူ့ကို နည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စတွေကြောင့်သာ ချန်လှပ်ခဲ့ခြင်း ဖြစ်ကြောင်း နည်းပြရဲ့ ပြောဆိုမှုကို ဆန့်ကျင်ခဲ့ပါတယ်။ လက်ရှိမှာတော့ အန်ဆယ်လော့တီက နေမာ အနေနဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် နောက်ဆုံး လူစာရင်းမှာ ပါဝင်ချင်တယ် ဆိုရင် သူ့ရဲ့ ကြံ့ခိုင်မှုကို သက်သေပြဖို့ လိုအပ်ကြောင်း ထပ်မံ သတိပေးလိုက်တာ ဖြစ်ပါတယ်။

နေမာဟာ အခုတစ်ပတ် အက်တလက်တီကို မင်နဲရိုးနဲ့ ကစားမယ့် ဘရာဇီးလ် စီးရီးအေ ပွဲစဉ်မှာ ဆန်းတို့စ် အတွက် ပြန်လည် ပါဝင်ကစားဖို့ ရှိနေပါတယ်။ နေမာ အနေနဲ့ အန်ဆယ်လော့တီရဲ့ ဘရာဇီးလ် လက်ရွေးစင် အသင်း လူစာရင်းမှာ ပြန်လည် အရွေးချယ်ခံရဖို့ ဆိုရင်တော့ သက်ဆိုင်ရာ ကလပ်မှာ ပုံမှန် ပွဲထွက်ခွင့်ရရှိပြီး ခြေစွမ်းပြနိုင်ဖို့ လိုအပ်နေပြီလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်