ဘရာဇီးလ် လက်ရွေးစင် ကွင်းလယ် ကစားသမား ကက်စ်မဲရိုး ကတော့ သူတို့ အသင်း အနေနဲ့ လာမယ့် ကမ္ဘာ့ဖလားမှာ နေမာကို လိုအပ်နေဦးမှာ ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ လက်ရှိမှာ နေမာက ဒဏ်ရာ ပြဿတွေနဲ့ အတူ ကြံ့ခိုင်မှု မပြည့်ဝသေးတာကြောင့် နည်းပြ ကာလို အန်ဆယ်လော့တီက လက်ရွေးစင် အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းခြင်း မရှိသေးပါဘူး။
ဒါကြောင့် ဘရာဇီးလ် ပရိသတ်တွေက နေမာ အနေနဲ့ လာမယ့် ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်ခြင်း မရှိမှာကို စိတ်ပူလျက် ရှိနေကြပါတယ်။ နေမာဟာ ဘာစီလိုနာမှာ ဒေါင်ဒေါင်မြည် ကစားနိုင်ခဲ့ပေမယ့် ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ခဲ့ပြီးနောက် မှာတော့ ဒဏ်ရာ ပြဿနာတွေရဲ့ ဒဏ်ကို အသည်းအသန် ခံစားခဲ့ရပါတယ်။ ဒါပေမယ့်လည်း နေမာက ကလပ် အသင်းမှာထက် လက်ရွေးစင် အသင်းမှာ ရခဲ့တဲ့ ဒဏ်ရာတွေက ပိုမိုကြီးမားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
ကက်စ်မဲရိုးက “ကြီးမြတ်တဲ့ ကစားသမားတွေနဲ့ တွဲကစားရတာကို ကျွန်တော် ပျော်ရွှင်ပါတယ်။ ရော်နယ်ဒိုရဲ့ အကောင်းဆုံး အချိန်တုန်း ကလည်း ကျွန်တော် သူနဲ့ တွဲကစားခွင့် ရခဲ့ပါတယ်။ အဲ့ဒီတုန်းက သူ့ခြေထောက်နဲ့ ထိလိုက်တာနဲ့ ဂိုးဆိုတာချည်းပါပဲ။ နောက်ပြီး လူကာ မိုဒရစ်၊ တိုနီ ခရူးစ်၊ မာဆယ်လို၊ ဂါရက်သ် ဘေးလ်၊ ကာရင်မ် ဘန်ဇီမာ တို့လို ကစားသမားတွေနဲ့လည်း တွဲကစားခွင့်ရခဲ့ပါသေးတယ်။”
“နေမာလို ကစားသမားမျိုး ကိုတော့ အသင်းရဲ့ လူစာရင်းထဲ လူတိုင်းက ရှိနေစေချင်ကြမှာပါပဲ။ သူက ကြံ့ခိုင်မှု ကောင်းနေတယ် ဆိုရင် သူ့ကို လျစ်လျူရှုထားလို မရပါဘူး။ သူက ကြံ့ခိုင်မှုနဲ့ စိတ်ဓာတ်ပိုင်း သန်မာနေရင် တော်တော်လေးကို ကောင်းတဲ့ ကစားသမားမျိုးပါ။ ကစားသမား တစ်ယောက် အနေနဲ့တော့ ကျွန်တော်က သူ့ရဲ့ ပရိသတ်ပါ။” လို့ ပြောဆိုသွားခဲ့ပါတယ်။
လက်ရှိ အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာဟာ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း စုစုပေါင်း ပွဲပေါင်း ၃၀ သာ ကစားပေးနိုင်ခဲ့ပြီး ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမား ဖြစ်နေပေမယ့် ပြီးခဲ့တဲ့ ၂၀၂၃ အောက်တိုဘာလ နောက်ပိုင်း အသင်း အတွက် ပြန်လည် ကစားပေးနိုင်ခြင်း မရှိတော့သူ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နည်းပြ အန်ဆယ်လော့တီက နေမာ အနေနဲ့ အကောင်းဆုံးပုံစံ ပြန်လည် ရရှိဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ နေမာဟာ ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမား ဖြစ်ပါတယ်။ လက်ရှိမှာ နေမာက ဆန်းတို့စ် မှာလည်း ခြေစွမ်းပြနိုင်ဖို ရုန်းကန်နေရတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ် အတွက် ကစားခွင့် ရဖို မလွယ်ကူဘူး ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
အန်ဆယ်လော့တီက “ပြဿနာ မရှိပါဘူး။ လူတွေ သူ့အကြောင်း မေးတာက ပုံမှန်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ သူက ဘရာဇီးလ် ဘောလုံးရဲ့ ဂန္ထဝင် တစ်ယောက် ဖြစ်တာကြောင့်ပါ။ လူတိုင်းက နေမာကို အကောင်းဆုံး ကြံ့ခိုင်မှု အနေအထားနဲ့ ပြန်လိုချင်ကြပါတယ်။ အားလုံးက နေမာ အကောင်းဆုံး ပုံစံ ပြန်ရဖို မျှော်လင့်နေကြပါတယ်။ အမှန်တရား ကတော့ ဒီနေ့ခေတ် ဘောလုံးလောကက တောင်းဆိုမှုတွေ အများကြီး ရှိနေတာပါပဲ။ အရည်အသွေး တစ်ခုတည်းတင် မဟုတ်ဘဲ ကြံ့ခိုင်မှု အနေအထားရော စိတ်ဓာတ်ပြင်းပြမှုပါ လိုအပ်ပါတယ်။ နေမာရဲံ အကောင်းဆုံးပုံစံ ပြန်ရဖို မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
နေမာရဲ့ ကလပ် ဆန်းတို့စ် ကတော့ လက်ရှိမှာ တန်းဆင်းဇုန် အတွင်း ရောက်ရှိနေတာကြောင့် နေမာ အနေနဲ့ ပြိုင်ဘက် ပရိသတ်တွေရဲ့ လှောင်ပြောင်ခြင်းကို ခံနေရပါတယ်။ တစ်ဖက်မှာလည်း ဘရာဇီးလ် လက်ရွေးစင် အသင်း ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို အောင်မြင်ထားပြီး ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


