အင်္ဂလန် ကတော့ မနေ့ညက ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ် ပွဲစဉ်မှာ အန်ဒိုရာကို ၂-၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲအပြီးမှာ နည်းပြချုပ် ဖြစ်သူ သောမက်စ် တူချယ်က သူ့ရဲ့ အသင်းက ပွဲချိန် တချို့မှာ အာရုံစူးစိုက်မှုနဲ့ စိတ်စုစည်းမှုတွေ ပျောက်ဆုံးခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်္ဂလန်က လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ အကြွင်းမဲ့ ယုံကြည်ကြောင်း ပြောကြားသွားပါတယ်။
ဒီပွဲမှာ အင်္ဂလန်က အန်ဒိုရာ နောက်ခံလူ ခရစ်ရှန် ဂါစီယာရဲ့ OG ဂိုး၊ ဒုတိယပိုင်း ၆၇ မိနစ်မှာ ကွင်းလယ်လူ ဒီကလန် ရိုက်စ်ရဲ့ ခေါင်းတိုက် သွင်းဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာ အင်္ဂလန်ရဲ့ ခြေစွမ်းက အားရစရာ မရှိခဲ့ပဲ အသင်းငယ်လေးနဲ့ တွေ့ဆုံချိန်မှာ ခြေစွမ်းကောင်းတွေ မပြသနိုင်ခဲ့တာကြောင့်လည်း ပရိသတ်တွေရဲ့ ဝေဖန်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်က တူချယ် လက်ထက် ပထမအကျော့တုန်းကလည်း အန်ဒိုရာ အိမ်ကွင်းမှာ ၀-၁ ရလဒ်နဲ့သာ အနိုင်ရခဲ့ပါသေးတယ်။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်ရင် အင်္ဂလန်က ဘောလုံးပိုင်ဆိုင်မှုမှာ ၈၃ ရာခိုင်နှုန်း ရှိခဲ့ပေမယ့် ဂိုးပေါက်တည့် ကန်ချက် ၇ ကြိမ်သာ ပြုလုပ်နိုင်ခဲ့ပြီး ကိုယ်ပိုင် သွင်းဂိုး ကလည်း ဒီကလန် ရိုက်စ်ရဲ့ တစ်ဂိုးပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ပွဲအပြီးမှာ အသင်းရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့ နည်းပြ သောမက်စ် တူချယ်က အခုလိုပဲ ပြောကြားသွားခဲ့ပါတယ်။ “အသင်းက အားအင်အပြည့် ရှိတယ်။ အရည်အသွေးလည်း ရှိတယ်။ ကျွန်တော်တို့ ဒီထက် ပိုပြီး ဂိုးတွေ သွင်းနိုင်ခဲ့သင့်တယ်။ ပထမဂိုး ရပြီးနောက် ၁၀ မိနစ် ၁၅ မိနစ်လောက်မှာ ကျွန်တော်တို ဘောလုံးဆုံးရှုံးမှုတွေ အရမ်းများခဲ့တယ်။ အာရုံစူးစိုက်မှု ပျောက်သွားခဲ့တယ်။ ဒုတိယပိုင်း မှာတော့ ပုံစံကောင်း ပြန်ရခဲ့ပေမယ့် ခုဏက ပြောခဲ့သလိုပဲ ဂိုးတွေ သွင်းနိုင်ခဲ့သင့်တယ်။”
“လာမယ့် ပွဲအတွက် အင်္ဂါနေ့ည ကနေ ကျွန်တော်တို သင်ခန်းစာတွေ အများကြီး ရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ အတွက် အရေးကြီးတဲ့ပွဲပါ။ ခြေစစ်ပွဲအောင်ဖို့ ခြေတစ်လှမ်း လှမ်းနိုင်မယ့် အခွင့်အရေး ဖြစ်လို အသင့် ပြင်ဆင်ထားရပါမယ်။ နိုင်ငံတကာ ဘောလုံးက ကလပ် ဘောလုံးနဲ့ များစွာ ခြားနားပါတယ်။ ကျွန်တော် တို့ဟာ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေတယ်လို့ လုံးဝ ယုံကြည်ပါတယ်။” လို့ တူချယ်က ပြောကြားသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် အင်္ဂလန်က ခြေစစ်ပွဲ အုပ်စု ပွဲစဉ် ၄ ပွဲ ကစားပြီးချိန်မှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အုပ်စု K ကို ဦးဆောင်ထားပါတယ်။ ဒီနိုင်ပွဲဟာ အင်္ဂလန် အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်မှာ ၆ ပွဲ ဆက်တိုက် အနိုင်ရခဲ့တာ ဖြစ်ပြီး ခြေစစ်ပွဲတွေမှာ ရှုံးပွဲ မရှိ စံချိန် ကိုလည်း ၃၅ ပွဲ အထိ (၂၇ ပွဲနိုင်၊ ၈ ပွဲသရေ) အထိ ထိန်းသိမ်းထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်မှာ နောက်ဆုံး အနေနဲ့ ၂၀၀၉၊ အောက်တိုဘာက ယူကရိန်းကို ရှုံးနိမ့်ခဲ့ထားခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ဟာ နည်းပြသစ် သောမက်စ် တူချယ် လက်ထက် ခြေစစ်ပွဲ ၄ ပွဲ စလုံး အနိုင်ကစားထားခဲ့ပြီး သူကိုင်တွယ်ထားတဲ့ စုစုပေါင်း ၅ ပွဲမှာတော့ ၄ ပွဲနိုင်၊ ၁ ပွဲ ရှုံး ရလဒ် ရရှိထားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.