နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မြောက်အိုင်ယာလန်ကို ဂိုးပြတ် အနိုင်ယူပြီး ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တဲ့ ဂျာမနီ | ကမ္ဘာ့ဖလား

ဂျာမနီ ကတော့ မနေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု ပွဲစဉ်မှာ မြောက်အိုင်ယာလန်ကို ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ဂျူလီယန် နေဂဲလ်စ်မန်းရဲ့ ဂျာမနီက ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် ရှုံးနိမ့်ထားခဲ့ပြီး အရေးပါတဲ့ နိုင်ပွဲ ပြန်လည် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီဟာ ဂျူလီယန် နေဂဲလ်စ်မန်း လက်ထက်မှာ ၂၅ ပွဲ ကစားရမှာ ၁၃ ပွဲနိုင်၊ ၆ ပွဲ သရေ၊ ၆ ပွဲ ရှုံးထားပြီး ရလဒ်ပိုင်းရော၊ ခြေစွမ်းပိုင်းပါ အားရစရာ မရှိသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ညက ပွဲမှာတော့ ဂျာမနီက မြောက်အိုင်ယာလန်ကို ဘောလုံး ပိုင်ဆိုင်မှု ၈၀-၂၀ ရာခိုင်နှုန်း အထိ အသာရအောင် ကစားနိုင်ခဲ့သလို ဂိုးပေါက် ကန်ချက် ၁၁ ကြိမ်၊ ဂိုးပေါက်တည့်မှု ၆ ကြိမ်၊ သွင်းဂိုး ၆ ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျာမနီက ပထမပိုင်းမှာ ဂိုးပေါက် ကန်ချက် ၂ ကြိမ်ပဲ ရှိခဲ့ပြီး ၁-၁ သရေကျနေခဲ့ကာ ဒုတိယပိုင်းမှသာ ပုံစံကောင်း တစ်ခုနဲ့ ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီ အတွက် ဦးဆောင်ဂိုးကို ၇ မိနစ်မှာ ဂနာဘရီက သွင်းယူခဲ့ပြီး ၃၄ မိနစ်မှာတော့ ပရိုက်စ်က မြောက်အိုင်ယာလန် အတွက် ပြန်လည် ချေပပေးခဲ့ပါတယ်။

ဂျာမနီဟာ ဒုတိယပိုင်း ပွဲပြန်စချိန်မှာ အပြောင်းအလဲတွေ ပြုလုပ်ခဲ့ပြီး အမီရီ၊ ဘိုင်ယာ၊ ဂိုရက်ဇ်ကာတို့ ဝင်ရောက်လာချိန်မှာတော့ ထိရောက်တဲ့ ကစားဟန်နဲ့ မြင်တွေ့ခဲ့ရပါတယ်။ အဲဒီနောက် လူစားဝင် ကစားသမား အမီရီက ဒုတိယဂိုးနဲ့ ဝစ်ဇ်က ဖရီးကစ် ကနေ တိုက်ရိုက် ကန်သွင်းပြီး တတိယဂိုး တို့ကို သွင်းယူပေးခဲ့တာကြောင့် ၃-၁ ရလဒ်နဲ့ အိမ်ရှင်တို့ အနိုင်ရခဲ့ပါတယ်။ ဒါကြောင့် ဂျာမနီက နောက်ဆုံး ၃ ပွဲဆက် ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့ပြီးတော့ အရေးပါတဲ့နိုင်ပွဲ ပြန်လည် ရှာတွေ့ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပထမဆုံးအကြိမ် အရှုံးနဲ့ ရင်ဆိုင်ထားခဲ့ရတဲ့ ဂျာမနီ အတွက် ဒီနိုင်ပွဲဟာ ပြီးပြည့်စုံတဲ့ တုံ့ပြန်မှု တစ်ခု ဖြစ်လာခဲ့ပါတယ်။
၃ ပွဲဆက် ရှုံးပွဲဆက်နေမှုကို ရပ်တန့်နိုင်ခဲ့တဲ့ ဂျာမနီ

ဒီလို နိုင်ပွဲ ပြန်လည် ရရှိခဲ့တာနဲ့ ပတ်သတ်လို့ နည်းပြ ဖြစ်သူ နေဂဲလ်စ်မန်းက အခုလိုပဲ ပြောကြားလာခဲ့ပါတယ်။ “ဟုတ်ပါတယ်၊ ဒါက အရေးကြီးတဲ့ နိုင်ပွဲပါ။ ကျွန်တော်တို့ အိမ်ကွင်းမှာ ၃ မှတ် ရခဲ့ပါတယ်။ ပွဲချိန် တစ်ဝက်မှာ ပရိသတ်တွေက ရလဒ်နဲ့ ကျွန်တော်တို့ ကစားပုံနဲ့ ပတ်သက်ပြီး မပျော်ရွှင်ခဲ့ကြပါဘူး။ ကျွန်တော် တို့ရဲ့ ပွဲစစချင်းက ကောင်းမွန်ခဲ့ပါတယ်။ ဦးဆောင်ဂိုးက ထိုက်တန်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါက ကောင်းမွန်တဲ့ ကန်ချက် တစ်ခု ဖြစ်ပေမယ့် ပွဲချိန် ပိုကြာလေ ကွင်းထဲမှာ ကျွန်တော်တို့ စွမ်းအားတွေ ပိုရလေပါပဲ။ ဒါဟာ ထိုက်တန်တဲ့ နိုင်ပွဲပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဂျာမနီက ကမ္ဘာ့ဖလား ခြေစစ်ပွဲ (ဥရောပဇုန်) အုပ်စု A ရဲ့ အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ချင်ရင် အုပ်စု ပထမနေရာ ရရှိဖို့ လိုအပ်တာကြောင့် ဂျာမနီတို့ လက်ကျန် ပွဲတွေမှာ ရလဒ်ကောင်းဖို့ လိုအပ်နေပါသေးတယ်။ လက်ရှိ အုပ်စု A ကို ဦးဆောင်ထားတာ ကတော့ စလိုဗက်ကီးယား ဖြစ်ပြီး ၆ မှတ် ရရှိထားပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပထမဆုံးအကြိမ် အရှုံးနဲ့ ရင်ဆိုင်ထားခဲ့ရတဲ့ ဂျာမနီ အတွက် ဒီနိုင်ပွဲဟာ ပြီးပြည့်စုံတဲ့ တုံ့ပြန်မှု တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဂျာမနီဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကစားခဲ့တဲ့ ပွဲမှာ စလိုဗက်ကီးယားကို ၂-၀ ရလဒ်နဲ့ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပါတယ်။

နေဂဲလ်စ်မန်းရဲ့ အသင်းဟာ လာမယ့် အောက်တိုဘာ ၁၁ ရက်မှာ လူဇင်ဘော့ဂ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပြီး နောက်ပွဲတွေ ကိုတော့ အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒီပွဲတွေနဲ့ ပတ်သတ်ပြီးတော့လည်း နေဂဲလ်စ်မန်းက “ဒါက ကျွန်တော် တို့ရဲ့ အိမ်ကွင်း မဟုတ်တဲ့ အတွက် ပိုခက်ခဲလိမ့်မယ်။ ဟိုမှာ ရှိတဲ့ ပရိသတ်တွေက အံ့မခန်းပါ။ ဒီညမှာ သူတို့ ပရိသတ်တွေရဲ့ အသံကို ကြားရပြီး ဘဲလ်ဖတ်စ်မှာ ပိုပြီး ကျယ်လောင်ပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်