နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရှုံးပွဲမရှိ စံချိန်ကို ဆက်ထိန်းနိုင်ဖို့ ကြိုးစားဦးမယ့် ဘရာဇီးလ် | ဘရာဇီးလ် – ချီလီ (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်)

ဘရာဇီးလ် – ချီလီ

ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး ဘရာဇီးလ်က ချီလီကို အိမ်ကွင်း မာရာကာနာမှာ ဧည့်ခံ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘရာဇီးလ် ကတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ကတည်းက ခြေစစ်ပွဲ အောင်မြင်ပြီးသား ဖြစ်ပေမယ့် ရှုံးပွဲ မရှိ စံချိန်ကောင်း တစ်ခုကို ဆက်ထိန်းထားနိုင်ဖို့ ကြိုးစားမှာ ဖြစ်သလို ချီလီ ကလည်း ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ခွင့် တစ်နေရာ အတွက် မျှော်လင့်ချက် ရှိနေသေးလို့ မဖြစ်မနေ အားစိုက် ကစားမှာ သေချာပါတယ်။

ဘရာဇီးလ်တို့ အုပ်စု ပွဲစဉ် ၁၅ ပွဲ ကစားပြီးချိန်မှာ ၁၂ ပွဲနိုင်၊ ၃ ပွဲသရေ၊ ရှုံးပွဲ မရှိ၊ ရမှတ် ၃၉ မှတ် ရရှိခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားကို အစောဆုံး ခြေစစ်ပွဲ အောင်မြင်ထားတဲ့ အသင်း ဖြစ်ပါတယ်။ ဘရာဇီးလ်ဟာ ၁၉၃၀ ခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲ အားလုံးမှာ ခြေစစ်ပွဲ အောင်မြင်ထားတဲ့ တစ်သင်းတည်းသော နိုင်ငံ့လက်ရွေးစင် အသင်း ဖြစ်ပြီး အခု လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ကိုလည်း မနှစ် နိုဝင်ဘာလ ကတည်းက ခြေစစ်ပွဲ အောင်မြင်ထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေ အတိုင်း ဆိုရင် အုပ်စု ပထမနေရာ ကနေ နောက်တစ်ဆင့် တက်ရေး အတွက်ပဲ ဘရာဇီးလ်တို့ လက်ကျန် ပွဲစဉ်တွေကို အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ချက်က ဘရာဇီးလ်တို့ အခုပွဲ မှာသာ ရလဒ်ကောင်းခဲ့ရင် ကမ္ဘာ့ဖလား ခြေစစ်ပွဲ တောင်အမေရိကဇုန် အုပ်စု အဆင့် ၃၃ ပွဲ ဆက် ရှုံးပွဲ မရှိ ဆိုတဲ့ စံချိန်ကောင်း တစ်ခုကို ဆက်ထိန်းနိုင်ဖို့ ရှိနေပါတယ်။ တစ်တီရဲ့ အသင်းကို အတောင့်တင်းဆုံး လူစာရင်း နဲ့ပဲ မြင်တွေ့ရဖို့ ရှိနေပြီး နေမာ၊ ဂျီဆုစ်၊ ဗင်နီးစီးယပ်စ် ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ကက်ဆီမီရို၊ ဖရက်ဒ်၊ ကော်တင်ဟို၊ အဲလက်စ်တဲလက်စ်၊ ဆေးလ်ဗား၊ မာကင်ညော့စ်၊ ဒန်နီအဲလ်ဗက်စ်၊ အလီဆွန် တို့ကို ပွဲထုတ်လာဖို့ များပါတယ်။

ချီလီတို့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု အဖွင့် ပွဲစဉ် ၁၀ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ အထိ အခြေအနေ ဆိုးရွားခဲ့ပေမယ့် တဖြည်းဖြည်း ခြေစွမ်း ပြန်လည် တည်ငြိမ်လာခြင်းနဲ့ အတူ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေခဲ့ပါတယ်။
ကမ္ဘာ့ဖလား ခြေစစ်ပွဲ တိုက်ရိုက် အောင်မြင်ရေး မျှော်လင့်ချက် ရှိနေသေးတဲ့ ချီလီ

ချီလီတို့ ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု အဖွင့် ပွဲစဉ် ၁၀ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ အထိ အခြေအနေ ဆိုးရွားခဲ့ပေမယ့် တဖြည်းဖြည်း ခြေစွမ်း ပြန်လည် တည်ငြိမ်လာခြင်းနဲ့ အတူ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းနေခဲ့ပါတယ်။ ဒါပေမယ့် အရင်လို ချီလီရဲ့ ကောင်းမွန်တဲ့ စုဖွဲ့မှုနဲ့ ပုံမှန် ခြေစွမ်းမျိုးတော့ လုံးဝ ပြန်မရသေးဘူးလို့ ပြောလို့ ရပါတယ်။ အုပ်စု နောက်ဆုံး ၆ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရလိုက်ခြင်းက ချီလီရဲ့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခွင့် မျှော်လင့်ချက်တွေကို ပြန်လည် ရှင်သန်စေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ချီလီတို့ လက်ကျန် ၂ ပွဲမှာ ဘရာဇီးလ်နဲ့ ဥရုဂွေးကို ရင်ဆိုင် ကစားရမှာ ဖြစ်တာကြောင့် သိပ်တော့ အခြေအနေ မဟန်လှပါဘူး။ လက်ရှိ အုပ်စု အဆင့် ၄ နေရာက ဥရုဂွေးနဲ့ ၃ မှတ်သာ ကွာဟနေတယ် ဆိုပေမယ့် လက်ကျန် ပွဲစဉ်တွေ တတ်နိုင်သမျှ ရမှတ် ရှာဖွေနိုင်မှသာ ခြေစစ်ပွဲ အောင်မြင်ရေး အခြေအနေ ကောင်းမှာ ဖြစ်ပါတယ်။ ဒါကြောင့် မာတင် လာဆာတီ အနေနဲ့ အခုပွဲမှာ ဘရာဇီးလ် ဆီကနေ တတ်နိုင်သမျှ အမှတ်ခွဲယူနိုင်ဖို့ ကြိုးစားမှာ ဖြစ်ပြီး ထုံးစံ အတိုင်း ကျစ်လျစ်တဲ့ ခံစစ်နဲ့ လျင်မြန်တဲ့ တန်ပြန် တိုက်စစ် ကိုပဲ အားပြု ကစားဖွယ် ရှိနေပါတယ်။ ၃-၅-၂ အခင်းအကျင်း ကိုပဲ အသုံးပြုဖို့ များနေပြီး ဘရာဗို၊ မာရီပန်၊ အာရန်ဂူးအစ်ဇ်၊ ဗီဒယ်၊ ဗားဂတ်စ်နဲ့ အလက်ဆစ် ဆန်းချက်ဇ် တို့ပဲ ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖွယ် ရှိနေပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဆောက်သမ်တမ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး တွေ့ဆုံမှု ၈ ကြိမ်မှာ ဘရာဇီးလ်တို့ ၆ ကြိမ် အထိ အနိုင်ရခဲ့ပြီး ချီလီ ကတော့ ၁ ကြိမ်သာ ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ ထိပ်တိုက် တွေ့ဆုံချိန်တိုင်းနီးပါး အနိုင်/အရှုံး အဖြေပေါ်လေ့ ရှိပြီး ၂၀၁၃ ခုနှစ်က နောက်ဆုံး ၁ ကြိမ် သရေကျထားခဲ့ပါတယ်။ ဘရာဇီးလ်တို့ ချီလီကို နောက်ဆုံး ၃ ပွဲဆက် အသာရထားခဲ့ပြီး လက်ရှိ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပထမအကျော့ ပွဲစဉ် မှာလည်း ဘရာဇီးလ်တို့ ၀-၁ ရလဒ်နဲ့ အနိုင်ယူထားခဲ့ပါတယ်။

 

လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP ရဲ့ 1X2 မှာ အိမ်ရှင် ဘရာဇီးလ် အတွက် ၁.၄၆ ဆ၊ ချီလီ အတွက် ၇ ဆ၊ သရေ အတွက် ၃.၉၅ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရ ဘရာဇီးလ်ကို အသင်းကောင်း တော်တော်များများတောင် ယှဉ်ဖို့ မလွယ်ဘူး ဆိုတာ အားလုံးလည်း သိကြမယ် ထင်ပါတယ်။ ခြေစစ်ပွဲ အောင်မြင်ပြီးသား ဖြစ်ပေမယ့် အုပ်စု ပထမနေရာ အတွက် ရမှတ် လိုအပ်ချက် ရှိနေသေးသလို ၃၃ ပွဲဆက် ရှုံးပွဲ မရှိ စံချိန်ကို ဆက်ထိန်းနိုင်ဖို့လည်း ဘရာဇီးလ်တို့ အပြည့်အဝ အားစိုက်လာဦးမှာပါ။ ချီလီတို့ လက်ကျန် ပွဲစဉ်တွေမှာ ဖောင်ဖျက် ကစားမှာ မှန်ပေမယ့် ဘရာဇီးလ်ရဲ့ စုဖွဲ့မှုကို ပွဲချိန်ပြည့် ယှဉ်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဘရာဇီးလ်ပဲ ကြိုက်ပါတယ်။ ဒါပေမယ့် ဘရာဇီးလ် နိုင်ရင် ၁-၀၊ ဒါမှမဟုတ် ၂-၀ အများဆုံးပဲ ဖြစ်လို့ ဂိုးအောက် ၂.၅၀ ကိုလည်း ရွေးချယ်ထားတာ မမှားနိုင်ပါဘူး။

ခန့်မှန်းရလဒ် (၁-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်