မကြာသေးခင်က ရူဘင် အမော်ရင်ရဲ့ မန်ချက်စတာယူနိုက်တက် အတွက် ခြေစွမ်းပြလာနိုင်ခဲ့တဲ့ မတ်သစ်စ် ဒီလစ်ဂျ် ကိုတော့ ရော်နယ် ကိုးမန်းက နယ်သာလန် လက်ရွေးစင် အသင်း လူစာရင်း အတွက် ပြန်လည် အရွေးချယ်ခံရဖို့ ထိုက်တန်တယ်လို့ ယုံကြည်နေပါတယ်။ ဒီလစ်ဂျ်ဟာ ဒီလထဲမှာ ပိုလန် လစ်သူယေးနီးယား တို့နဲ့ ကစားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး နှစ်ပွဲ အတွက် အင်တာမီလန်ရဲ့ စတက်ဖန် ဒီဗရစ်ဂ်ျ နေရာမှာ အစားထိုး ရွေးချယ်ခဲ့ထားရပါတယ်။ ဒါကြောင့် နယ်သာလန်သားက သူ့ရဲ့ နိုင်ငံအသင်း အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ကျန် ပွဲတွေမှာ အရည်အသွေးကောင်းတွေ ပြန်လည် ပြသဖို့ စိတ်အားထက်သန်နေမှာ သေချာပါတယ်။
အသက် ၂၆ နှစ်အရွယ် ကစားသမားဟာ ဒီရာသီမှာ ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်မှာ ပြန်လည် နိုးထလာခြင်း အတွက် အဓိက အခန်းကဏ္ဍ ကနေ ပါဝင်နေသူပါ။ ဒီလစ်ဂျ်ဟာ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ အသင်းရဲ့ ထိပ်တန်းလိဂ် ပွဲစဉ် ၁၁ ပွဲ စလုံးမှာ ပွဲထွက်ကစားခွင့် ရရှိထားခဲ့ပါတယ်။ တကယ်တော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဘယ် ယူနိုက်တက် ကစားသမား ကမှ ဒီလစ်ဂျ်ထက် (ဝေဟင် ကာကွယ်မှု (အကြိမ် ၄၀)၊ ရှင်းလင်းမှု (အကြိမ် ၅၉ ကြိမ်)၊ ပိတ်ဆို့ ကာကွယ်မှု (၆ ကြိမ်) ပြုလုပ်ခဲ့) ပိုမို စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိသေးပါဘူး။
စနေနေ့က တော့တင်ဟမ်ဟော့စပါးနဲ့ ပွဲမှာ ဒီလစ်ဂျ်က ပြိုင်ဘက် ကစားသမား မက်သီ တဲလ်ရဲ့ သွင်းဂိုး အတွက် အဓိက တာဝန်ရှိခဲ့သူ ဖြစ်ခဲ့ပေမယ့် ပွဲချိန် ၉၀+၆ မိနစ်မှာ ယူနိုက်တက် အတွက် ချေပဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် ဇီးရိုး ကနေ ဟီးရိုး ဖြစ်ခဲ့သူပါ။ ဒီပွဲမှာ သရေ တစ်မှတ် ရခဲ့တဲ့ ယူနိုက်တက် ကလည်း ၁၁ ပွဲ ကစားပြီးနောက် အမှတ်ပေးဇယား ဇယားမှာ အဆင့် ၇ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒီအချိန်မှာ ရော်နယ် ကိုးမန်းက ဒီလစ်ဂျ်နဲ့ ပတ်သတ်ပြီး အခုလိုပဲ ပြောကြားခဲ့ပါတယ်။ ကိုးမန်းက “တစ်စိတ်တစ်ပိုင်း ကတော့ ကစားချိန်ပေါ်မှာ မူတည်ပါတယ်။ နေသန် အေခီ က [မန်ချက်စတာစီးတီး] ပွဲစဉ်တွေရဲ့ ၅၀% မကစားရပေမယ့် သူက ဒီအသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။”
“အသင်းမှာ ရှိနေတဲ့ ကစားသမား တစ်ဦးချင်းစီ အတွက် သီးခြားစီ ဆုံးဖြတ်ရမှာပါ။ မတ်သစ်စ် (ဒီလစ်ဂျ်) ကို သူပြသခဲ့တဲ့ အရာတွေ အပေါ်မှာ အခြေခံပြီး ရွေးချယ်သင့်တယ်လို့ ကျွန်တော် ခံစားမိပါတယ်။ သူဟာ ခက်ခဲတဲ့ ကာလတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်။ ကျွန်တော် သူနဲ့ စကားပြောပြီး သူ့ရဲ့ လုပ်ရပ်တွေ အပေါ် ယုံကြည်မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ ပိုကောင်းလာပါပြီ။ ကလပ်မှာ သူ့ရဲ့ နေရာနဲ့ ကလပ်ရဲ့ စွမ်းဆောင်ရည်က အမြဲတမ်း အရေးကြီးနေမှာပါ။” လို့ ပြောကြားသွားခဲ့ပါတယ်။
ရော်နယ် ကိုးမန်းရဲ့ အသင်းက ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု G ရဲ့ ထိပ်ဆုံးမှာ ရှိနေပြီး ပိုလန်ကို အနိုင်ရလိုက်တာနဲ့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မှာ ဖြစ်ပါတယ်။ နယ်သာလန်က လက်ရှိမှာ ပိုလန်နဲ့ ၃ မှတ် ကွာဟနေပြီး ပထမအကျော့ တွေ့ဆုံမှု မှာတော့ ၁ ဂိုးစီ သရေကျထားပါတယ်။ နယ်သာလန်က ပိုလန်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ ၁၄ ပွဲမှာ ရှုံးပွဲ မရှိခဲ့တာကြောင့် အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုမှာ ပူးတွဲကျင်းပမယ့် ပြိုင်ပွဲဆီ သွားရောက်ခွင့် ရနိုင်မယ်လို့ ယုံကြည်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


