ပြင်သစ် လက်ရွေးစင် အသင်းခေါင်းဆောင် ကီလီယန် အမ်ဘာပေး ကတော့ ယူကရိန်းကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ၁ ဂိုး သွင်းပြီးတော့ ဂန္ထဝင် တိုက်စစ်မှူးကြီး သီဟာရီ အွန်နရီရဲ့ သွင်းဂိုး အရေအတွက်ကို လိုက်မှီခဲ့ပါတယ်။ အမ်ဘာပေး အနေနဲ့ လက်ရွေးစင် သွင်းဂိုး ၅၁ ဂိုး အထိ ရှိလာခဲ့ပြီးတော့ အွန်နရီနဲ့ တူညီခဲ့တာလည်း ဖြစ်တယ်။
ဒါပေမယ့်လည်း အမ်ဘာပေးက အွန်နရီထက် ပွဲပေါင်း ၃၂ ပွဲ လျော့ ကစားကာ ဒီအရေအတွက်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင် အသင်းရဲ့ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်နေသူက အိုလီဗီယာ ဂျရူး ဖြစ်ပြီး ၅၇ ဂိုး သွင်းယူထားပါတယ်။ လက်ရှိမှာ အမ်ဘာပေးက ဂိုးသွင်း အများဆုံး ပူးတွဲ ဒုတိယနေရာကို ရရှိထားပြီး ဒီပုံ အတိုင်း ဆိုရင်တော့ ဂျရူးရဲ့ စံချိန် မှတ်တမ်း ကိုလည်း မကြာခင်မှာပဲ ကျော်ဖြတ်နိုင်ဖို့ ရှိနေပြီ ဖြစ်ပါတယ်။ ပြင်သစ် လက်ရွေးစင် အသင်း ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု D မှာ အိုက်စ်လန်၊ ယူကရိန်း၊ အဇာဘိုင်ဂျန် တို့နဲ့ ကျရောက်နေပါတယ်။ ဒါကြောင့် ပြင်သစ်ရဲ့ လက်ရှိ အုပ်စု အနေအထားအရ ဆိုရင်တော့ အမ်ဘာပေး အနေနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်မှာပဲ စီနီယာကြီးတွေရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ချေ များနေပြီလည်း ဖြစ်ပါတယ်။
ဒီလို ခြေစွမ်းကောင်းတွေ ပြသနေတဲ့ အသက် ၂၆ နှစ် အရွယ် ပြင်သစ်သား ကိုတော့ အင်္ဂလန် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင် ကလည်း ချီးကျူးစကား ပြောကြားခဲ့ပါတယ်။ ၂၀၀၁ ဘယ်လွန်ဒေါဆုရှင် အိုဝင်က “ကျွန်တော့် အတွက်တော့ သူက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါပဲ။ သူက ပွဲတစ်ပွဲရဲ့ အဖြေကို တစ်ယောက်တည်း ပြောင်းလဲပစ်နိုင်တယ်။ ပြိုင်ဘက် တစ်ယောက်ကို အရှက်ရသွားအောင် စွမ်းဆောင်နိုင်တဲ့ အရည်အချင်း သူ့မှာ ရှိနေတယ်။ သူ့ရဲ့ ကျွမ်းကျင်မှု ဘောလုံး ထိချက် အရှိန်အဟုန်နဲ့ ဂိုးသွင်း သေချာမှုတွေက ပွဲတစ်ပွဲကို အပိုင်သိမ်းသွားနိုင်စွမ်း ရှိနေပါတယ်။” လို့ ပြောဆိုခဲ့တာပါ။

အိုဝင်ဟာ တစ်ချိန်က လစ်ဗာပူးလ်မှာ အံ့အားသင့်ဖွယ် ခြေစွမ်းတွေ ပြသခဲ့ပြီး ဘယ်လွန်ဒေါဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ စတုတ္ထမြောက် အင်္ဂလန် ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့အပြင် အိုဝင်က အဲဒီဆုကို နောက်ဆုံး ရရှိခဲ့တဲ့ အင်္ဂလန် ကစားသမားလည်း ဖြစ်ပါတယ်။ အိုဝင်ဟာ လစ်ဗာပူးလ် အတွက် ၂၉၇ ပွဲ ကစားပြီး ၁၅၈ ဂိုး အထိ သွင်းယူခဲ့ပြီးနောက် ၂၀၀၄ ခုနှစ် မှာတော့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ စပိန် မှာတော့ အိုဝင်က တစ်ရာသီ အတွင်း ၁၆ ဂိုး သွင်းယူခဲ့ကာ အင်္ဂလန်မြေကို နယူးကာဆယ် ကစားသမား အဖြစ် ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။ အဲဒီနောက် မန်ချက်စတာယူနိုက်တက်နဲ့ စတုတ်စီးတီး တို့မှာလည်း ကစားခဲ့ပြီး ကစားသမား ဘဝ ကနေ စောစောစီးစီး အနားယူသွားခဲ့ပါတယ်။
၂၀၂၅ ခုနှစ် အတွက် ဘယ်လွန်ဒေါ ဆုပေးပွဲ ကတော့ မကြာခင်မှာ ကျင်းပတော့မှာ ဖြစ်ပြီး ဘယ်သူ ရသွားမလဲ ဆိုတာ ကလည်း စိတ်ဝင်စားဖို့ ကောင်းနေပြီ ဖြစ်ပါတယ်။ လက်ရှိ ဒီဆု အတွက် ဆန်ခါတင် စာရင်း မှာတော့ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ ကစားသမား အများစုကပဲ လွှမ်းမိုးထားပါတယ်။ ဒီဆု အတွက် ရေပန်းအစားဆုံး ဖြစ်နေသူတွေ ကတော့ ပီအက်စ်ဂျီ တိုက်စစ်မှူး အူစမန်နီ ဒမ်ဘီလီနဲ့ ဘာစီလိုနာ တောင်ပံ ကစားသမားလေး လာမင်း ယာမယ် တို့ပဲ ဖြစ်ပါတယ်။
တစ်ဖက် မှာလည်း ပြီးခဲ့တဲ့ ရာသီက ဖလား လက်မဲ့ ဖြစ်ခဲ့ရတဲ့ ရီးရဲလ်မက်ဒရစ် အတွက် တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ကတော့ စွမ်းဆောင်ရည်ကောင်းတွေ ပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် အမ်ဘာပေးက စပိန် ကလပ်ရဲ့ တစ်ဦးတည်းသော ကစားသမား အဖြစ် ဆန်ကာတင် စာရင်းမှာ ပါဝင်နေခဲ့ပါတယ်။ အမ်ဘာပေး ဟာ ပြီးခဲ့တဲ့ ရာသီက လာလီဂါမှာ ၃၁ ဂိုး၊ ပြိုင်ပွဲစုံ ၅၉ ပွဲ ကစားရာ မှာတော့ ၄၄ ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။ အမ်ဘာပေးဟာ ဆန်ကာတင် အဆင့် သတ်မှတ်ချက်တွေအရ ဘာစီလိုနာက ရောဘတ် လီဝမ်ဒေါစကီးနဲ့ ရာဖင်ညာ တို့နဲ့ အတူ ထိပ်ဆုံး ၅ ရောက် စာရင်းဝင်ဖို့ သေချာသလောက် ရှိနေပေမယ့် ဆုရရှိဖို့တော့ ဖြစ်နိုင်ချေ နည်းနေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.