နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဂျပန်ရဲ့ အဓိက ရည်ရွယ်ချက်က ၂၀၂၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံ ဖြစ်ဖို့ ဖြစ်ကြောင်း ဖွင့်ဟခဲ့တဲ့ မိုရီယာဆု

ဂျပန် လက်ရွေးစင် အသင်းရဲ့ အဓိက ရည်ရွယ်ချက် ကတော့ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ရရှိဖို့ ဖြစ်ကြောင်း နည်းပြချုပ် ဟာဂျီမီ မိုရီယာဆုက Podcast တစ်ခုမှာ ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် မိုရီယာဆုက အသင်းရဲ့ တည်ဆောက်ပုံနဲ့ ဘာတွေ ပြင်ဆင်ရမလဲ ဆိုတာတွေ ကိုလည်း ရှင်းပြသွားခဲ့ပါတယ်။

မိရီယာဆုက နည်းပြပိုင်းဆိုင်ရာ စီမံခန့်ခွဲမှု ပုံစံ အဖြစ် ပြောင်းလဲ ကျင့်သုံးသွားမယ်လို့ ဆိုခဲ့ပြီး အသင်း တည်ဆောက်မှု ပုံစံနဲ့ ပတ်သက်ပြီး နည်းပြ တစ်ဦး အနေနဲ့ အသင်းရဲ့ အယူအဆနဲ့ လမ်းညွှန်ချက်တွေကို ကစားသမားတွေကို တင်ပြရမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ “ကစားသမား ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်တွေ ချရမယ်။ ဒါပေမယ့် ကွင်းထဲမှာ တကယ် ကစားနေသူတွေက ကစားသမားတွေပဲ။ ဒါကြောင့် ကျွန်တော်က ကစားသမားတွေရဲ့ အမြင်ကို တတ်နိုင်သမျှ ပေါင်းစပ်ပြီး အကောင်းဆုံး ဖြစ်အောင် အကောင်အထည်ဖော်ချင်ပါတယ်။ အဲဒီလို လုပ်တာက သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို အများကြီး မြှင့်တင်ပေးနိုင်ပါလိမ့်မယ်။” လို့ မိုရီယာဆုက ပြောကြားခဲ့ပါတယ်။

မိုရီယာဆုရဲ့ ပြောကြားပုံအရ ဆိုရင် ဂျပန် လက်ရွေးစင် အသင်းဟာ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အတွက် အကောင်းဆုံး ပြင်ဆင်ထားပုံ ရပြီး သူ့ရဲ့ နည်းပြလုပ်ပုံကိုင်ပုံတွေ ပြောင်းလဲလာ မှု ရှိမရှိ မေးမြန်းခဲ့ရာမှာတော့ အခုလိုပဲ ဆက်လက် ဖြေကြားသွားခဲ့ပါတယ်။ “လက်ရွေးစင် အသင်း နည်းပြ တစ်ဦး အနေနဲ့ လုပ်ဆောင်ပုံမှာ အဆင့် နှစ်ဆင့် သတ်မှတ်ခဲ့ပါတယ်။ ပထမအဆင့်က (ကာတာ ကမ္ဘာ့ဖလား အထိ) ဖြစ်ပြီး ဒုတိယ အဆင့် ကတော့ (လာမယ့်နှစ် အမေရိကန် ကမ္ဘာ့ဖလား) ပါ။ ပထမအဆင့်တုန်း ကတော့ ကျွန်တော် အများကြီး ကိုယ်တိုင် လုပ်ခဲ့ပြီးမှ ကျန်တဲ့ နည်းပြတွေရဲ့ အကူအညီကို ရယူခဲ့ပါတယ်။ ဒါပေမဲ့ ပထမအဆင့် အလယ်လောက် ကတည်းက နည်းပြတွေကို သူတိုရဲ့ တာဝန်တွေကို ခွဲဝေပေးပြီး နည်းစနစ်ပိုင်းဆိုင်ရာ ကိစ္စတွေကို ပြောဆိုဖို ပြောင်းလဲခဲ့ပါတယ်။”လို့ မိရီယာဆုက ဆိုပါတယ်။

မိုရီယာဆုဟာ ၂၀၁၈ ခုနှစ် ကတည်းက ဂျပန် လက်ရွေးစင် အသင်းရဲ့ နည်းပြ အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား မှာလည်း ၁၆ သင်း အဆင့် အထိ ရောက်နိုင်ခဲ့ပါတယ်။
၂၀၂၂ ကာတာ ကမ္ဘာ့ဖလား မှာလည်း ၁၆ သင်း အဆင့် အထိ တက်လှမ်းနိုင်ခဲ့တဲ့ ဂျပန်

မိုရီယာဆုဟာ ၂၀၁၈ ခုနှစ် ကတည်းက ဂျပန် လက်ရွေးစင် အသင်းရဲ့ နည်းပြ အဖြစ် တာဝန်ယူခဲ့ပြီး ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား မှာလည်း ၁၆ သင်း အဆင့် အထိ ရောက်နိုင်ခဲ့ပါတယ်။ ဂျပန်က လက်ရှိ မှာလည်း ခြေစစ်ပွဲ အောင်မြင်ထားတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလား ကစားရဖို့ ရှိနေပြီး ချန်ပီယံဆု ရရှိဖို့ အထိ ရည်မှန်းချက်ထားနေခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ဟာ ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ ခြေစမ်းပွဲ မှာတော့ အမေရိကန်ကို ၂ ဂိုးပြတ်နဲ့ ရှုံးနိမ့်ထားပါတယ်။

ဂျပန် နည်းပြ မိုရီယာဆုဟာ အသင်းရဲ့ ဝန်ထမ်းတွေကို အမြဲတမ်း ပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ “အသင်းက အနိုင်ရဖို့ ဆိုရင် ကစားသမားတွေ တောက်ပနေရမယ်။ ဒီအချက်ကို ကျွန်တော်တို့ ဝန်ထမ်း အစည်းအဝေးတွေမှာ အမြဲတမ်း ပြောလေ့ ရှိပါတယ်။ ကစားသမားတွေ ရဲရဲဝံ့ဝံ့ ကစားနိုင်ဖို့ အတွက် ဘာတွေလုပ်ပေးနိုင်မလဲ ဆိုတာကို နည်းပြချုပ်နဲ့ အဖွဲဝင် အားလုံးက အမြဲတမ်း စဉ်းစားကြပါတယ်။ ကစားသမားတွေသာ ရဲရဲဝံ့ဝံ့ ကစားနိုင်မယ် ဆိုရင် နိုင်ပွဲ ရဖို့ အခွင့်အရေး ပိုများလာမှာ ဖြစ်သလို၊ ပရိသတ်တွေ အနေနဲ့ ကလည်း ‘ကစားသမားတွေက တောက်ပနေပြီး ရဲရဲဝံ့ဝံ့ ကစားနေပါလား’ ဆိုတာ ခံစားသိမြင်ပါလိမ့်မယ်” လို ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်