နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆန်းတို့စ် အတွက် ပေးဆပ် ကစားပေးရင်း ကမ္ဘာ့ဖလားကို လွဲချော်ဖွယ် ရှိနေတဲ့ နေမာ

ဘရာဇီးလ် ဝါရင့် တိုက်စစ် ကစားသမား နေမာ ဂျူနီယာ ကတော့ ဆန်းတို့စ် အသင်း တန်းမဆင်းရစေဖို့ အတွက် ဒဏ်ရာရှိလျက်နဲ့ အနစ်နာခံ ပေးဆပ် ကစားနေခဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် အကျိုးဆက် အနေနဲ့ ဘရာဇီးလ် အသင်းခေါင်းဆောင်ဟောင်းက လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက် ဆင်နွှဲခွင့်နဲ့ လွဲချော်မယ့် အခြေအနေဆိုးနဲ့ ရင်ဆိုင်နေရပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

အသက် ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ နေမာက ဘရာဇီးလ် လက်ရွေးစင် အသင်း အတွက် ပွဲပေါင်း ၁၂၈ ပွဲ ကစား၊ ၇၉ ဂိုး သွင်းခဲ့ပြီး ဂန္ထဝင် ကစားသမားကြီး ပီလီထက် ၂ ဂိုး အသာနဲ့ လက်ရွေးစင် အသင်း သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။ ဒါပေမယ့်လည်း အခုတော့ နေမာက အသင်းနဲ့ အတူ သူ့ အတွက် ၄ ကြိမ်မြောက် ကမ္ဘာ့ဖလား ပြိုင်ပွဲ ပါဝင် ဆင်နွှဲခွင့်နဲ့ လွဲချော်ဖို့ သေချာသလောက် ရှိနေပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ခရူဇီယိုကို ၃ ဂိုးပြတ်နဲ့ အနိုင်ရတဲ့ ပွဲမှာ နေမာက ဒူးဒဏ်ရာရှိလျက်နဲ့ မိနစ် ၉၀ ပြည့် ပါဝင်ကစားခဲ့ပြီး ပွဲမတိုင်ခင် ကတည်းက ဆရာဝန်တွေဟာ ဘောလုံး မကစားဖို့ သတိပေးခဲ့ပါတယ်။ ဒါပေမယ့် နေမာက နားမထောင်ပဲ အသင်း အတွက် ပါဝင်ကစားခဲ့တာကြောင့် အခုဆိုရင် ခွဲစိတ်ကုသမှု ခံယူရတော့မှာ ဖြစ်ပါတယ်။

ခရူဇီယိုနဲ့ ပွဲအပြီးမှာ နေမာက ဒူးထောက်ကာ ဆုတောင်းခဲ့ပြီး ပရိသတ်တွေ ကလည်း နေမာရဲ့ နာမည်ကို တစ်ကွင်းလုံး သံပြိုင် အော်ဟစ် အားပေးခဲ့ကြပါတယ်။ ပွဲအပြီးမှာ နေမာက “ဆန်းတို့စ် အတွက် ကျွန်တော် အကောင်းဆုံး ဖြစ်အောင် ကူညီပေးချင်တဲ့ စိတ်နဲ့ ဒီကို ရောက်လာခဲ့တာပါ။ ဒီရက်သတ္တပတ်က ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ ရက်သတ္တပတ်ပါပဲ။ ကျွန်တော့် ဘေးမှာ ရပ်တည်ပြီး စိတ်ဓာတ် ခွန်အားပေးခဲ့ကြတဲ့သူတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ သူတို့တွေသာ မရှိရင် ကျွန်တော်လည်း ဒူးဒဏ်ရာကြောင့် ဒီပွဲတွေမှာ ပါဝင် ကစားဖြစ်မှာ မဟုတ်ပါဘူး။ အခုအချိန်မှာတော့ ကျွန်တော် အနားယူဖို့ လိုအပ်ပြီး အဲဒီနောက်မှ ဒူးဒဏ်ရာကို ခွဲစိတ် ကုသမှု ခံယူသွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ နည်းပြ ကာလို အန်ဆယ်လော့တီ ကလည်း နေမာသာ ကြံခိုင်မှု ပြည့်ဝနေမယ် ဆိုရင် ကမ္ဘာ့ဖလား အတွက် မရွေးချယ်စရာ အကြောင်း မရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုထားပါတယ်။
ဒူးဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူရတော့မယ့် နေမာ

ဆန်းတို့စ်ဟာ ဘရာဇီးလ် စီးရီးအေ ရာသီ လက်ကျန် ၅ ပွဲ ဆက်တိုက် ရှုံးပွဲ မရှိခဲ့ပဲ နေမာ ကလည်း အဲဒီ ၅ ပွဲမှာ ၅ ဂိုး သွင်း၊ ဂိုး ဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆန်းတို့စ်ဟာ ရာသီသိမ်းချိန် မှာတော့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး တန်းမဆင်းခဲ့ရတာ ဖြစ်ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် အသင်းရဲ့ နည်းပြ ကာလို အန်ဆယ်လော့တီ ကလည်း နေမာသာ ကြံခိုင်မှု ပြည့်ဝနေမယ် ဆိုရင် ကမ္ဘာ့ဖလား အတွက် မရွေးချယ်စရာ အကြောင်း မရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုထားပါတယ်။ နေမာဟာ ၂၀၂၃ နောက်ပိုင်း ကတည်းက ဘရာဇီးလ် လက်ရွေးစင် အသင်းမှာ ကစားခွင့် မရတော့တာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရတော့ နေမာဟာ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူရမှာ ဖြစ်တာကြောင့် ကာလအတန်ကြာ အနားယူရဖို့ ရှိပြီး ကမ္ဘာ့ဖလားနဲ့ လွဲချော်ဖွယ် ရှိနေတာ ဖြစ်ပါတယ်။

ဘရာဇီးလ် စီးရီးအေ ကလပ် ဆန်းတို့စ်ဟာ ၂၀၂၃ ခုနှစ်တုန်းက အသင်း သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ် တန်းဆင်းခဲ့ရပြီး ဒီရာသီမှ တန်းပြန်တက်ခဲ့တာ ဖြစ်ပေမယ့် ရလဒ်ဆိုးတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် ဘရာဇီးလ် စီးရီးဘီကို တန်းပြန်မဆင်းရအောင် အသည်းအသန် ကြိုးစားခဲ့ရတာ ဖြစ်ပြီး နေမာက တထောင့်တနေရာ ကနေ ကူညီပေးခဲ့တာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်