ဂျပန် – ဆွီဒင်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု (F) မှာ နိုင်ပွဲ တစ်ပွဲစီ ရထားပြီး အုပ်စု ပထမနဲ့ ဒုတိယနေရာတွေ အတွက် အကြိတ်အနယ် လုနေကြတဲ့ ဂျပန်နဲ့ ဆွီဒင်အသင်းတို့ဟာ လာမယ့် သောကြာနေ့ Dallas ကွင်းကြီးထဲမှာ ထိပ်တိုက် တွေ့ဆုံကြတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ပွဲစဉ်တုန်းက အပြာရောင် ဆာမူရိုင်း တို့ဟာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ တူနီးရှား အသင်းကို အခွင့်ကောင်းယူ အနိုင်ကစားခဲ့ပြီး၊ ဆွီဒင် အသင်း ကတော့ နယ်သာလန် အသင်းကို အရေးနိမ့်ခဲ့တာကြောင့် အုပ်စု ပထမနေရာ ရဖို့ မျှော်လင့်ချက် တော်တော်လေး မှေးမှိန်သွားခဲ့ရပါတယ်။
ဂျပန်
ဂျပန် အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ဒုတိယမြောက် အုပ်စုပွဲစဉ်မှာ သူတို့ရဲ့ ပထမဆုံး နိုင်ပွဲကို စတင်ရရှိခဲ့ပါတယ်။ အဲဒီပွဲမှာ ခြေစွမ်းပျက်နေတဲ့ တူနီးရှား အသင်းကို သက်တောင့်သက်သာပဲ ဂိုးပြတ်အနိုင်ယူပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ပွဲတည်းမှာ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး အာရှ နိုင်ငံ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် တူနီးရှားနဲ့ ပွဲ ပွဲစပြီး ၄ မိနစ်မှာတင် ဂျပန် အသင်း အတွက် ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက် အစောဆုံး သွင်းဂိုးကို သွင်းယူပေးခဲ့တဲ့ ဒါအီချီ ကာမာဒါဟာ ပြီးခဲ့တဲ့ ရာသီက ခရစ္စတယ်ပဲလေ့စ် အသင်း အတွက် ၄၆ ပွဲ ကစားပြီး တစ်ဂိုးတည်းပဲ သွင်းနိုင်ခဲ့ပေမယ့် အခု ကမ္ဘာ့ဖလား ပြိုင်ပွဲ မှာတော့ နှစ်ဂိုး အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
အခုနောက်ဆုံး အုပ်စုပွဲစဉ် မတိုင်ခင်မှာ နည်းပြ ဟာဂျီမဲ မိုရီယာဆုရဲ့ ဂျပန် အသင်းဟာ ပြိုင်ပွဲမှာ ခြေစွမ်း အကောင်းဆုံး အသင်းတွေထဲက တစ်သင်း အဖြစ် ရှိနေပြီး ကမ္ဘာ့ဘောလုံး အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ ဘရာဇီးလ်၊ အင်္ဂလန် တို့ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေ အပါအဝင် ရလဒ်ကောင်းတွေနဲ့ အတူ ၉ ပွဲဆက် ရှုံးပွဲမရှိ မှတ်တမ်းကို ပိုင်ဆိုင်ထားတာပါ။ လောလောဆယ် အုပ်စု (F) မှာ ရမှတ် ၄ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဂျပန် အသင်းဟာ လာမယ့် သောကြာနေ့ ပွဲစဉ်မှာ နယ်သာလန်ရဲ့ ရလဒ်ထက် ပိုကောင်းအောင် ကစားနိုင်ရင် အုပ်စုပထမ ရရှိမှာ ဖြစ်ပြီး၊ အကယ်၍ သရေကျရုံနဲ့တင် အုပ်စု ဒုတိယနေရာနဲ့ နောက်တစ်ဆင့် တက်ဖို့ သေချာမှာ ဖြစ်ပါတယ်။
ဆွီဒင်
အုပ်စု ပထမပွဲစဉ်တုန်းက တူနီးရှားကို ၅-၁နဲ့ ဂိုးပြတ် အနိုင်ရပြီး ပျော်ရွှင်ခဲ့ရတဲ့ ဆွီဒင် အသင်း ကတော့ ပြီးခဲ့တဲ့ပွဲမှာ နယ်သာလန်ကို ဂိုးပြတ် ပြန်ရှုံးပြီး အထိနာသွားခဲ့ပါတယ်။ .ဒါဟာ ဆွီဒင်တို့ အနေနဲ့ ၁၉၅၈ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ နောက်ပိုင်း ကမ္ဘာ့ဖလား ပွဲစဉ် တစ်ပွဲမှာ ပထမဆုံးအကြိမ် အဖြစ် ၃ ဂိုး ဒါမှမဟုတ် ၃ ဂိုးထက် ပိုတဲ့ ရလဒ်နဲ့ ဂိုးပြတ် ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆၈ နှစ်က ဗိုလ်လုပွဲတုန်းကလိုပဲ အခုအချိန်မှာလည်း ဆွီဒင် အသင်းကို အင်္ဂလန် လူမျိုး နည်းပြ ဂရေဟမ် ပေါ်တာက ဦးဆောင်နေတာ ဖြစ်ပြီး၊ နည်းပြ ပေါ့တာ ကတော့ ပြိုင်ပွဲရဲ့ အကောင်းဆုံး အသင်းကြီးတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါ ဒီလို ဂိုးပြတ် ရှုံးနိမ့်မှုမျိုးတွေ ကြုံတွေ့ရတတ်ကြောင်း ပြောဆိုထားပါတယ်။
သောကြာနေ့မှာ ဂျပန်နဲ့ ကစားရမယ့် အရေးကြီး ပွဲစဉ် မတိုင်ခင် ဆွီဒင် အသင်းဟာ ရမှတ် ၃ မှတ်နဲ့ အုပ်စု (F) ရဲ့ တတိယနေရာမှာ ရှိနေပြီး တက္ကဆက်မြေမှာ အနည်းဆုံး တစ်မှတ် ရရုံနဲ့တင် နောက်တစ်ဆင့် ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အခွင့်အရေး အများကြီး ရှိနေပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက ကွာတားဖိုင်နယ် အထိ တက်လှမ်းနိုင်ခဲ့ပေမယ့် အသင်းမှာ စူပါစတား ကစားသမား အစစ်အမှန် မရှိခဲ့တဲ့ ဆွီဒင် အသင်းဟာ အခုအချိန်မှာတော့ ဗစ်တာ ယောကရက်စ်နဲ့ အလက်ဇန္တား အိဆက်ခ် တို့လို ပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ် အတွဲအဖက်ကို ပိုင်ဆိုင်ထားတာပါ။
နှစ်ဖက်အသင်း သတင်းများ

ဖြစ်နိုင်ဖွယ် လူစာရင်း
ဂျပန် – ဆူဇူကီး၊ တိုမီယာဆု၊ အီတာကူရာ၊ အီတို၊ ဒိုအန်၊ ဆာနို၊ တာနာကာ၊ နာကာမူရာ၊ အီတို၊ ကာမာဒါ၊ ယူအီဒါ
ဆွီဒင် – နော့ဖဲလ်၊ လာဂျာဘိုင်ယဲလ်ကီ၊ ဟိန်း၊ လင်ဒီလော့ဖ်၊ အီလန်ဂါ၊ ဘာ့ဂျ်ဗဲလ်၊ ကားလ်စတောင်းမ်၊ အယာရီ၊ ဂတ်ဒ်မန်ဆန်၊ ယောကရက်စ်၊ အိဆက်ခ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ပြီးခဲ့တဲ့ ကာတာ ကမ္ဘာ့ဖလားကို လွဲချော်ခဲ့တဲ့ ဆွီဒင် အသင်းဟာ အာရှ အသင်း တစ်သင်းနဲ့ ဆုံတွေ့ဖို့ ငါးနှစ်ကြာ စောင့်ဆိုင်းခဲ့ရတာ ဖြစ်ပြီး နောက်ဆုံး အကြိမ်အဖြစ် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ခြေစမ်းပွဲတုန်းက ဥဇဘက်ကစ္စတန် အသင်းကို အနိုင်ရရှိခဲ့ဖူးပါတယ်။ ဒါကြောင့် ခြေစွမ်းတက်နေတဲ့ ဂျပန်နဲ့ ဥရောပအင်အားကြီး ဆွီဒင် တို့ရဲ့ ပွဲစဉ်ဟာ ဘယ်အသင်း နောက်တစ်ဆင့် တက်မလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1×2 မှာ ဂျပန် နိုင်ရင် ၁.၈၇ ဆ၊ ဆွီဒင် နိုင်ရင် ၃.၉၆ ဆ၊ သရေ ဆိုရင်တော့ ၃.၆၃ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာလည်း ဂျပန် ဘက်ပဲ ကြေးဖွင့်ထားပါတယ်။ ဂျပန်က လက်ရှိမှာ အကောင်းဆုံး ပုံစံ ရနေပြီး ဆွီဒင် ကတော့ တိုက်စစ်ကောင်းသလောက် ခံစစ်က ဂိုးတွေ ပေးနေရတာက တော်တော်လေး အခြေအနေ ဆိုးပါတယ်။ ပြီးခဲ့တဲ့ နယ်သာလန်နဲ့ ပွဲက သက်သေပါပဲ။ ဂျပန်ရဲ့ Fluid ဖြစ်တဲ့ ကစားပုံကြောင့် ဆွီဒင်တို့ ခက်ခဲဦးမှာ သေချာပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားမှဦ တစ်ခုခု လုပ်ပြချင်နေတဲ့ ဂျပန် ကိုပဲ အပြည့်အဝ ယုံကြည်ထားချင်ပါတယ်။
ခန့်မှန်းရလဒ်
ဂျပန် ၂-၁ ဆွီဒင်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


