နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တွေ့ဖူးသမျှထဲမှာ အဆိုးရွားဆုံး ဂိုးသမား ဆိုပြီး ဝေဖန်ခံနေရတဲ့ အိုနာနာ | ကမ္ဘာ့ဖလား

အန်ဒရေ အိုနာနာ ကတော့ မန်ချက်စတာယူနိုက်တက်မှာ ဝေဖန်ခံနေရတာ အားမရလို့ အခုဆိုရင်တော့ ကင်မရွန်း လက်ရွေးစင် အသင်း မှာပါ အဆဲခံနေရပြီ ဖြစ်ပါတယ်။ အိုနာနာဟာ ကိပ်ဗာဒီနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ပါဝင် ကစားပေးခဲ့ပြီး သူရဲ့ အမှားကြောင့်ပဲ ကင်မရွန်းက မထင်မှတ်ပဲ ရှုံးပွဲ တွေ့ခဲ့ရပါတယ်။

ဒီပွဲမှာ ကိပ်ဗာဒီ အတွက် အနိုင်ဂိုးကို ဒေလွန် လစ်ဗရာမန်တိုက တစ်ကိုယ်တော် ကြိုးပမ်းကာ သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ကိပ်ဗာဒီ တိုက်စစ်မှူးဟာ ပြိုင်ဘက် နောက်တန်းကို ဖောက်ထွက်ပြီး ဂိုးရှေ့ကို အပြေးအလွှား ဆွဲပြေးလာချိန်မှာ အိုနာနာက ရှေ့ထွက် ပိတ်ဆို့ ကာကွယ်ခြင်း မရှိတာကြောင့် ကင်မရွန်းတို့ အလွယ်တကူပဲ ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။

အိုနာနာက ပြိုင်ဘက်ရဲ့ သွင်းဂိုးကို အလွယ်တကူ ခွင့်ပြုပေးခဲ့ပြီးနောက် မှာတော့ သူ့ရဲ့ ညံ့ဖျင်းတဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ လူမှုကွန်ရက်ပေါ်မှာ အပြင်းအထန် ဝေဖန်ခံနေရတာပါ။ ဘောလုံး ပရိသတ် အများစုက အိုနာနာကို ကမ္ဘာ့အညံ့ဆုံး ဂိုးသမားလို့တောင် ဝေဖန် ပြစ်တင်နေခဲ့ကြတာ ဖြစ်ပါတယ်။

တချို့သော ပရိသတ်တွေ ကတော့ အိုနာနာက ယုံကြည်မှု လုံးဝ ပျောက်ဆုံးနေတာကို ပြသနေကြောင်း သူ့ရဲ့ ပုတ်ထုတ်ပုံက ဘာရည်ရွယ်ချက်မှ မရှိပဲ လှဲချလိုက်ရုံ သက်သက်သာ ဖြစ်ကြောင်း၊ နောက်ဆုံးလူ ကျော်သွားပြီ ဆိုကတည်းက ရှေ့ထွက်ပြီး တိုက်စစ်မှူးကို ပိတ်ထားလိုက် ရင် ပိုကောင်းမှာ ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။ နောက်ထပ် ပရိသတ် တစ်ဦးက ဆိုရင် ဂိုးပေးပြီးတိုင်း ခြေအိတ် ပြန်ဆွဲတင်တဲ့ သူ့ရဲ့ ပုံစံက ကျွန်တော့်ကို အမြဲတမ်း စိတ်ပျက်စေကြောင်း ပြောကြားခဲ့ပါတယ်။

ကင်မရွန်း ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် ၈ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၂ နေရာကို ရောက်ရှိနေပါတယ်။
ကင်မရွန်း ပရိသတ်တွေနဲ့လည်း အဆင်မပြေ ဖြစ်နေတဲ့ အန်ဒရေ အိုနာနာ

ကင်မရွန်း ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု ပွဲစဉ် ၈ ပွဲ ကစားပြီးချိန်မှာ ၄ ပွဲနိုင်၊ ၃ ပွဲ သရေ၊ ၁ ပွဲ ရှုံးထားပြီး ရမှတ် ၁၅ မှတ်နဲ့ အဆင့် ၂ နေရာကို ရောက်ရှိနေပါတယ်။ အကယ်၍ ကင်မရွန်း အနေနဲ့ အုပ်စု အဆင့် ၁ နေရာ မရဖူးဆိုရင်တော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ ပလေးအော့ဖ် ကစားရတော့မှာ ဖြစ်ပါတယ်။

အိုနာနာဟာ ၂၀၂၃ ခုနှစ်မှာ အင်တာမီလန် ကနေ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဆိုးရွားတဲ့ လက်စွမ်းတွေနဲ့ ဆက်တိုက် မြင်တွေ့နေရတာ ဖြစ်ပါတယ်။ အင်တာမီလန်မှာ လက်စွမ်းပြခဲ့သလောက် ယူနိုက်တက်မှာ စွမ်းဆောင်ရည်တွေ သိသိသာသာသာ ကျဆင်းသွားတဲ့ အိုနာနာက ကလပ် အသင်းမှာရော၊ နိုင်ငံ အသင်းမှာပါ ပုံမှန် လက်စွမ်းအောက်ကို ကျရောက်နေပြီ ဖြစ်ပါတယ်။ ဒါကြောင့် အိုနာနာဟာ မန်ချက်စတာယူနိုက်တက် အတွက်လည်း လူပို ဖြစ်ခဲ့ရပြီး ဆန်နီ လန်မန်စ် ရောက်ရှိလာချိန်မှာတော့ တူရကီ ကလပ် ထရက်ဇွန်စပေါကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ 

ဒါပေမယ့်လည်း ယူနိုက်တက်က အိုနာနာကို အငှားချဖို့သာ ဆုံးဖြတ်ခဲ့ပြီး အပြီးသတ် ရောင်းချမယ့် သဘောတူညီချက်တော့ မပါဝင်ကြောင်း သိရပါတယ်။ ယူနိုက်တက်ဟာ အိုနာနာကို အမှားတွေ များနေသည့် တိုင်အောင် အပြီးသတ် ရောင်းချဖို့တော့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ကြောင်းလည်း သိရပါတယ်။ သတင်းတွေအရ ဆိုရင် ပရီးမီးယားလိဂ် ကလပ်ရဲ့ တာဝန်ရှိသူတွေက ကလပ်ရဲ့ ဂိုးသမား ၄ ဦးကို စီနီယာ အသင်းမှာ ထားရှိလိုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နည်းပြ ရူဘင် အမော်ရင် ကတော့ အမြင်မတူခဲ့တာကြောင့် အိုနာနာ တစ်ယောက် တူရကီကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ ယုံကြည်မှု အကြီးအကျယ် ပျောက်ဆုံးနေတဲ့ ကင်မရွန်း လက်ရွေးစင် ဂိုးသမား ကတော့ တူရကီ စူပါလိဂ်ရဲ့ အပြောင်းအရွှေ့ဈေးကွက် မပိတ်ခင်မှာ ထရက်ဇွန်စပေါဆီ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အိုနာနာ တစ်ယောက် တူရကီမြေမှာ စိတ်သစ် လူသစ်နဲ့ သူ့ရဲ့ အရင်လို လက်စွမ်းကောင်းတွေကို ပြန်လည် ရရှိသွားနိုင်မလား ဆိုတာ ကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်