နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“ကျွန်တာ့် အတွက် ဂျိုတာက ပြုံးနေပါလိမ့်မယ်” ရော်ဘတ်ဆန် | ကမ္ဘာ့ဖလား

စကော့တလန် လက်ရွေးစင် အသင်းခေါင်းဆောင် နောက်ခံလူ အန်ဒရူး ရော်ဘတ်ဆန် ကတော့ သူ့အနေနဲ့ လစ်ဗာပူးလ် အသင်းဖော် ဒီယိုဂို ဂျိုတာကို ခေါင်းထဲက မထုတ်နိုင်သေးဘူးလို့ ဖွင့်ဟလာခဲ့ပါတယ်။ ဒီစကား ကိုတော့ ရော်ဘတ်ဆန်က စကော့တလန်က ဒိန်းမတ်ကို ၄-၂ နဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စကော့တလန်ဟာ မနေ့ညက ပွဲစဉ်မှာ ဒိန်းမတ်နဲ့ အကြိတ်အနယ် ကစားခဲ့ပြီး ရင်ခုန် စိတ်လှုပ်ရှားဖွယ် အခိုက်အတန့် များစွာနဲ့ အတူ ၄-၂ ရလဒ်နဲ့ ပွဲကို အဆုံးသတ် အနိုင်ယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် စကော့တလန်က ထိုက်တန်စွာနဲ့ပဲ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တိုက်ရိုက် အောင်မြင်ခဲ့ပြီး ဒိန်းမတ် ကတော့ ပလေးအော့ဖ် ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီပွဲမှာ စကော့တလန်က ဦးဆောင်ဂိုး သွင်းလိုက် ဒိန်းမတ်က ချေပလိုက်နဲ့ တကယ်ကို ရင်ခုန်စရာကောင်းခဲ့တာပါ။ ဒါပေမယ့်လည်း ၉၀+၃ နဲ့ ၄ မိနစ် တို့မှာတော့ တီယာနေးနဲ့ မက်လင်းန် တို့က အနိုင်ဂိုးတွေ ဆက်တိုက် သွင်းယူပေးခဲ့ကာ စကော့တလန်ကို ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်စေခဲ့တာ ဖြစ်ပါတယ်။

စကော့တလန် အသင်းဟာ ၁၉၉၈ ကမ္ဘာ့ဖလား ပြိုင်ပွဲ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ စကော့တလန်ဟာ သူတို့ အသင်းရဲ့ သမိုင်းတလျှောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၉ ကြိမ်မြောက် ဝင်ရောက် ဆင်နွှဲခွင့် ရရှိခဲ့တာလည်း ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အသက် ၃၁ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရော်ဘတ်ဆန်က ကမ္ဘာ့ဖလားမှာ ၃ ကြိမ်မြောက် ခြေစစ်ပွဲ ကစားမှ အောင်မြင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါကြောင့် စကော့တလန်က ထိုက်တန်စွာနဲ့ပဲ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို တိုက်ရိုက် အောင်မြင်ခဲ့ပြီး ဒိန်းမတ် ကတော့ ပလေးအော့ဖ် ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။
၃ ကြိမ်မြောက် ကြိုးပမ်းပြီးမှ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အန်ဒီ ရော်ဘတ်ဆန်

ဒါကြောင့် ပွဲအပြီး မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ရော်ဘတ်ဆန်က သူ့ရဲ့ ပျော်ရွှင်မှုကို ဝေမျှခဲ့သလို ဂျိုတာရဲ့ အကြောင်း ကိုလည်း ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော့် အသက်အရွယ်အရ ဒါဟာ နောက်ဆုံး ကမ္ဘာ့ဖလား အခွင့်အရေး ဖြစ်နိုင်တယ် ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် ဒီနေ့ ဂျိုတာကို ခေါင်းထဲက မထုတ်နိုင်ပါဘူး။ ကျွန်တော်တို့ ကမ္ဘာ့ဖလား ယှဉ်ပြိုင်ဖို့ အကြောင်း အများကြီး ပြောခဲ့ဖူးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို လွဲချော်ခဲ့သလို၊ ကျွန်တော်လည်း မယှဉ်ပြိုင်ခဲ့ရတာကြောင့်ပါ။ ဒီနေ့တော့ ကျွန်တော့် အတွက် သူ ပြုံးနေပါလိမ့်မယ်။” လို့ ရောဘတ်ဆန်က ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ရော်ဘတ်ဆန်က “ဘယ်တော့မှ လက်မလျှော့ပါနဲ့။ ကျွန်တော် တို့က အဆုံးထိ ဆက်သွားခဲ့ပြီး အရူးနှမ်းဆုံး ပွဲတွေထဲက တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ ဒီအခြေအနေကို ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ထိုက်တန်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာ့ဖလားကို သွားနေပြီ။ ဒီကောင်လေးတွေ အုပ်စု၊ ဒီဝန်ထမ်း အုပ်စုက ကျွန်တော် ပါဝင်ခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး အစုအဖွဲ့ပါပဲ။ ပွဲမစခင် နည်းပြရဲ့ မိန့်ခွန်း ကလည်း မယုံနိုင်စရာပါပဲ။ သူက ကျွန်တော်တို့ ကြုံတွေ့ခဲ့ရတဲ့ အရေးကြီးတဲ့ အချိန်တွေကို အတူတူ ဖြတ်သန်းခဲ့ပါတယ်။ ယူရိုပြိုင်ပွဲ အတွက် ခြေစစ်ပွဲအောင်ခဲ့တယ်။ သူက ‘နောက်တစ်ခု ထပ်လုပ်ကြရအောင်’ လို့ ပြောပါတယ်။”

“ကျွန်တော်တို့ အတော်လေး စိတ်ခံစားမှု ပြင်းထန်ခဲ့ပါတယ်။ သူ့အတွက်၊ ဝန်ထမ်းတွေနဲ့ ကျွန်တော် တို့ရဲ့ မိသားစု အားလုံး အတွက် ဒါကိုလုပ်ရတာ ကျွန်တော့်ဘဝရဲ့ အကောင်ဆုံး ညတွေထဲက တစ်ည အဖြစ် မှတ်တမ်းတင်ထားရပါလိမ့်မယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်