နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

၂၀၂၆ ကမ္ဘာ့ဖလားက သူ့အတွက် နောက်ဆုံး ဖြစ်လိမ့်မယ်လို့ ဖွင့်ဟလာခဲ့တဲ့ ရော်နယ်ဒို

ပေါ်တူဂီ တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရော်နယ်ဒိုဟာ ကတော့ သူ့အတွက် လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားက နောက်ဆုံး ဖြစ်လိမ့်မယ်လို့ ပြောကြားလာခဲ့ပါတယ်။ ရော်နယ်ဒို အနေနဲ့ ဘောလုံး သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကစားသမားဘဝတွေ ထဲက တစ်ခုကို မကြာခင်မှာ အဆုံးသတ်တော့မှာလည်း ဖြစ်ပါတယ်။ ပေါ်တူဂီ GOAT ကြီးက သူ့ အနေနဲ့ လာမယ့် ၁ နှစ် သို့မဟုတ် ၂ နှစ် အတွင်း ဘောလုံးလောက ကနေ အနားယူမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ကလပ်နဲ့ နိုင်ငံတကာသွင်းဂိုးပေါင်း ၉၅၀ ကျော် သွင်းယူထားတဲ့ အသက် ၄၀ အရွယ် တိုက်စစ်မှူးဟာ ၂၀၂၆ ဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်မလားလို မေးမြန်းတဲ့အခါမှာ “သေချာပေါက်။ ဟုတ်ပါတယ်။” လို့ ဆော်ဒီဖိုရမ် တစ်ခုကို ပြန်လည် ဖြေကြားသွားခဲ့တာ ဖြစ်ပါတယ်။ “ကျွန်တော် အသက် ၄၁ နှစ် ရှိလာပြီဆိုတော့ ဒါက အခိုက်အတန့်ဖြစ်မယ်လို ထင်ပါတယ်။ ရိုးရိုးသားသား ပြောရရင် မကြာခင်လို့ ဆိုလိုတာက ကျွန်တော် ဒီဂိမ်းထဲမှာ တနှစ် ဒါမှမဟုတ် နှစ်နှစ်လောက် ဆက်ရှိနေဦးမှာပါ။” လို့ ရော်နယ်ဒိုက ဆိုပါတယ်။

ဘယ်လွန်ဒေါဆု ၅ ကြိမ် ရှင် ရော်နယ်ဒိုဟာ လာမယ့် နှစ်မှာ ကမ္ဘာ့ဖလားကို ၆ ကြိမ်မြောက် အဖြစ် စံချိန်တင် ပါဝင်ကစားဖို့ မျှော်လင့်နေပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက သူအကြိမ်ကြိမ် အခါခါ နီးစပ်ခြင်း မရှိခဲ့တဲ့ ကမ္ဘာ့ဖလား ချန်ပီယံဆုကြီးကို ရယူနိုင်ဖို့လည်း မျှော်လင့်ထားပြီး ပေါ်တူဂီ လက်ရွေးစင် တစ်သင်းလုံး ကလည်း သူ့ရဲ့ အိမ်မက်ကို ဖြည့်ဆည်းပေးချင်နေကြပါတယ်။ 

ဒါပေမယ့်လည်း လက်ရှိ အချိန်မှာ ပေါ်တူဂီက အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို ပူးတွဲကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ခြေစစ်ပွဲ အောင်မြင်ဖို့ လိုနေပါသေးတယ်။ ရော်ဘတ်တို မာတီနက်ဇ်ရဲ့ အသင်းက အိုင်ယာလန်ကို အနိုင်ရခဲ့ရင်တော့ ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့် တစ်နေရာ ရရှိမှာ ဖြစ်ပါတယ်။ ပေါ်တူဂီဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ လက်ကျန် ပွဲစဉ် ၂ ပွဲ အဖြစ် အိုင်ယာလန်၊ အဲလ်မေးနီးယား တို့နဲ့ ကစားရဦးမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက ဟန်ဂေရီနဲ့ ပွဲမှာ ၂ ဂိုး သွင်းယူပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူသူ ဖြစ်ခဲ့ပါတယ်။
ဘောလုံးလောက ကနေ အပြီးတိုင် အနားယူဖို့ နီးစပ်လာပြီ ဖြစ်တဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့လက ဟန်ဂေရီနဲ့ ပွဲမှာ ၂ ဂိုး သွင်းယူပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ သမိုင်းတလျှောက် ဂိုးအများဆုံး သွင်းယူသူ ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရော်နယ်ဒိုက ကမ္ဘာ့ဖလား ခြေစစ်ပွဲ အဆင့်မှာ သွင်းဂိုး ၄၁ ဂိုး ရရှိထားပြီး ၃၉ ဂိုး သွင်းထားတဲ့ ဂွါတီမာလာ လက်ရွေးစင်ဟောင်း ကားလိုစ် ရူအစ်ဇ်ရဲ့ ၃၉ ဂိုးကို ကျော်တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရော်နယ်ဒိုက မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ် တိုရဲ့ တိုက်စစ်မှူးဟောင်းဟာ ၁၄၃ ဂိုးနဲ့လည်း သမိုင်းတလျှောက် နိုင်ငံတကာ သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်နေပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုက ကစားသမားဘဝ သွင်းဂိုး စုစုပေါင်း ၉၅၃ ဂိုး အထိ ရရှိထားပြီး သူ့ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ သွင်းဂိုး ၁၀၀၀ ပြည့်ဖို့ ကလည်း ၄၇ ဂိုးသာ လိုတော့တာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့အပတ်က ပီးယာ့စ် မော်ဂန်နဲ့ Uncensored အင်တာဗျူးမှာ ရော်နယ်ဒိုက သူအနားယူမယ့် အခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါသေးတယ်။ ရော်နယ်ဒိုက “ဒါက ခက်ခဲမှာလား။ ဒါပေါ့။ ငိုမိမှာပဲ။ ဟုတ်ပါတယ်။ ကျွန်တော်က ပွင့်လင်းသူပါ။ ဒါဟာ အရမ်းကို ခက်ခဲတဲ့ ကိစ္စဖြစ်ပါလိမ့်မယ်” လို သူက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့လက Bloomberg က သူ့ကို အားကစားလောကရဲ့ ပထမဆုံး ဘီလျံနာ အဖြစ် သတ်မှတ်ခဲ့ပြီး၊ Forbes မဂ္ဂဇင်းရဲ့ ဝင်ငွေအများဆုံး ဘောလုံးသမား စာရင်းမှာ ဆယ်စုနှစ် တစ်ခု အတွင်း ၆ ကြိမ်မြောက်နဲ့ ထိပ်ဆုံး နေရာကို ရယူခဲ့ပါတယ်။ Forbes ရဲ့ ခန့်မှန်းချက်အရ ရော်နယ်ဒိုဟာ လာမယ့် ရာသီမှာ ကွင်းတွင်း၊ ကွင်းပြင် ဝင်ငွေ ဒေါ်လာ သန်း ၂၈၀ ရရှိမှာ ဖြစ်ပြီး၊ ဒုတိယ နေရာမှာ ရှိတဲ့ ပြိုင်ဘက် လီယွန်နယ် မက်ဆီထက် နှစ်ဆကျော် ပိုများမှာလည်း ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်