လီယွန်နယ် မက်ဆီရဲ့ အနာဂတ် ကတော့ ပျံ့လွင့်နေဆဲ ဖြစ်ပြီး ကမ္ဘာ့ဖလားမှာ ပါဝင်ဖို့က သူ့ရဲ့ ကြံ့ခိုင်မှု အပေါ် မူတည်နေတာကြောင့် လက်ရှိအချိန်မှာ ဘာဆိုဘာမှ မသေချာသေးပါဘူး။ အာဂျင်တီးနား အသင်းခေါင်းဆောင်ဟာ မကြာသေးခင်က ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်နိုင်ဖွယ် မရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပေမယ့်လည်း နည်းပြ လီယွန်နယ် စကယ်လိုနီ ကတော့ မက်ဆီ အနေနဲ့ ဆုံးဖြတ်ချက်ချဖို့ အချိန်ရှိနေသေးတယ်လို့ ဆိုပါတယ်။
အာဂျင်တီးနားဟာ လာမယ့်နှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလား အတွက် ခြေစစ်ပွဲ အောင်မြင်ထားပြီး တောင်အမေရိကဇုန် ခြေစစ်ပွဲ အုပ်စု နောက်ဆုံးပွဲ တစ်ပွဲ ကစားဖို့ ကျန်ရှိနေပါသေးတယ်။ မက်ဆီဟာ ကြာသပတေးနေ့က ကစားခဲ့တဲ့ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ခြေစစ်ပွဲ အိမ်ကွင်း နောက်ဆုံး ပွဲစဉ်မှာ ၂ ဂိုး သွင်းယူခဲ့ပြီး အာဂျင်တီးနား ကလည်း ဗင်နီဇွဲလားကို ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် မက်ဆီက ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်) မှာ ၈ ဂိုး အထိ သွင်းယူထားပြီး ဂိုးသွင်း အများဆုံး ကစားသမား အဖြစ်လည်း ရပ်တည်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း မက်ဆီက မေဂျာလိဂ် ကစားနေတဲ့ အင်တာမိုင်ယာမီ အတွက် အပြည့်အဝ အာရုံစိုက်နိုင်ဖို့ အီကွေဒေါနဲ့ နောက်ဆုံးပွဲ လူစာရင်း ကနေ နှုတ်ထွက်ခဲ့ပါတယ်။
ဗင်နီဇွဲလားနဲ့ ပွဲအပြီး မှာတော့ မက်ဆီ အနေနဲ့ လာမယ့်နှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပါဝင်မလားလို့ မေးမြန်းရာ မှာတော့ နည်းပြ ဖြစ်သူ စကယ်လိုနီက မက်ဆီကို အသင်း ခေါင်းဆောင် အဖြစ် အသင်းမှာ ပါဝင်လာဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

စကယ်လိုနီက “ရိုးရိုးသားသား ပြောရရင် ကျွန်တော် မသိပါဘူး။ အရာရာ တော်တော်များများ ဖြစ်ပေါ်လာနိုင်ပါတယ်။ ကျွန်တော် တို့မှာ အမာခံ ကစားသမားတွေ ပါဝင်တဲ့ အဖွဲ့ တစ်ဖွဲ့ ရှိနေတယ် ဆိုတာ လူတိုင်း သိပါတယ်။ အဲဒီကနေပြီးတော့ ကျွန်တော် တို့မှာ နေရာ ဘယ်လောက် ရမလဲ ဆိုတာ သိတဲ့ အခါ၊ ဆုံးဖြတ်ချက်တွေ ချရပါလိမ့်မယ်။
“လီယို အတွက် ဆိုရင်တော့ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျွန်တော် သူနဲ့ မပြောဖြစ်ပါဘူး။ သူ လူသိရှင်ကြား ပြောထားတာကို ကျွန်တော် သိပါတယ်။ သူ့ရဲ့ ဒီဆုံးဖြတ်ချက် အတွက် အချိန်ရပါသေးတယ်။”
မက်ဆီ ကတော့ ၂၀၂၂ ကမ္ဘာ့ဖလားတွင် ရွှေဘောလုံး ဆုကို ဆွတ်ခူးခဲ့ပြီးတော့ အာဂျင်တီးနား ကိုလည်း ကမ္ဘာ့ချန်ပီယံ ဖြစ်အောင် ကူညီပေးနိုင်ခဲ့သူပါ။ သူ့အနေနဲ့ အဲဒီ ပြိုင်ပွဲမှာ ၁၀ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီးခဲ့ပါတယ်။ အဲဒီနောက် မက်ဆီက အာဂျင်တီးနားကို ကိုပါအမေရိကဖလား နှစ်ကြိမ်ဆက် ရရှိဖို့ အတွက်လည်း စွမ်းဆောင်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ အာဂျင်တီးနားက ကမ္ဘာ့ဖလား ခြေစစ်ပွဲ (တောင်အမေရိကဇုန်) အုပ်စု ပွဲစဉ် ၁၇ ပွဲ ကစားရာမှာ ၁၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၃ ပွဲ ရှုံးထားပြီး ရမှတ် ၃၅ မှတ် ရရှိထားပါတယ်။ ဒါ့အပြင် အာဂျင်တီးနားဟာ အဆင့် ၂ နေရာက ဘရာဇီးလ်ကို ၁၀ မှတ် အထိ ဖြတ်ပြီး ခြေစစ်ပွဲ အောင်မြင်ပြီး ကမ္ဘာ့ဖလား ကစားခွင့်ရရှိထားပြီး ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.