နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner

သမိုင်းတစ်လျှောက် အကြိတ်အနယ် အရှိဆုံး ဖြစ်လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ရွှေဖိနပ်ဆု ပြိုင်ပွဲ

၄ နှစ် တစ်ကြိမ် ရောက်ရှိလာတတ်တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးဟာ ပရိသတ်တွေကို အမြဲတမ်း ရင်ခုန်စိတ်လှုပ်ရှားမှုတွေ ပေးစွမ်းလေ့ ရှိပါတယ်။ ဒါပေမယ့်လည်း ဒီနှစ် ကမ္ဘာ့ဖလား ကတော့ ပြိုင်ပွဲ အားလုံးထဲမှာ အကောင်းဆုံးလို့ ဆိုရလောက်အောင် တစ်ဦးချင်းရော၊ အသင်းလိုက်ပါ ပြိုင်ဆိုင်မှုတွေ ပြင်းထန်လျက် ရှိနေပါတယ်။

လက်ရှိ ရှုံးထွက်အဆင့်ကို ရောက်လာတဲ့ အချိန် မှာတော့ ဘယ်အသင်း ချန်ပီယံ ဆုဖလားကြီးကို ကိုင်မြှောက်ခွင့်ရမလဲ ဆိုတာထက် ပိုမိုသမိုင်းဝင်မယ့် အပြိုင်အဆိုင်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ သမိုင်းတစ်လျှောက် အကောင်းဆုံး ဖြစ်လာမယ့် ရွှေဖိနပ်ဆု (ဂိုးသွင်းအများဆုံးဆု) ပြိုင်ပွဲပဲ ဖြစ်ပါတယ်။

 

ထိပ်ဆုံးက ဦးဆောင်နေတဲ့ အသက် ၃၉ နှစ် အရွယ် မက်ဆီရဲ့ စံချိန်များ

ဒီလို ပြိုင်ပွဲအကြောင်းပြောရင် အမြဲတမ်း ပထမဆုံး စပြောရမယ့်သူ ကတော့ လီယွန်နယ် မက်ဆီပါပဲ။ ဒဲလပ်စ်မြို့မှာ ကစားခဲ့တဲ့ စနေနေ့ညပွဲစဉ်မှာ မက်ဆီဟာ ကမ္ဘာ့ဖလား ၇ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား ဖြစ်လာခဲ့သလို၊ အခုနှစ် အုပ်စုအဆင့် ၃ ပွဲ အတွင်း မှာတင် ၆ ဂိုး အထိ သွင်းယူပြီး ဂိုးသွင်း အများဆုံး ဇယားကို ထိပ်ဆုံး ကနေ အပြတ်အသတ် ဦးဆောင်နေပါတယ်။

ဒီ ၆ ဂိုး ဆိုတဲ့ ပမာဏဟာ အရင် ကမ္ဘာ့ဖလား ပြိုင်ပွဲပေါင်း ၁၂ ကြိမ်မှာ ရွှေဖိနပ်ဆုကို အပြတ်အသတ် (သို့မဟုတ်) ပူးတွဲရရှိနိုင်တဲ့ ဂိုးပမာဏမျိုး ဖြစ်ပါတယ်။ အသက် ၃၉ နှစ် ရှိပြီ ဖြစ်တဲ့ မက်ဆီဟာ ကမ္ဘာ့ဖလား သမိုင်းရဲ့ ဂိုးသွင်း အများဆုံး စံချိန်ရှင် ဖြစ်လာခဲ့ပေမယ့် ခြေစွမ်း ကဆင်းသွားတဲ့ အရိပ်အယောင် လုံးဝမပြသေးပါဘူး။

 

အာဂျင်တီးနားရဲ့ ချောမွေ့လွန်းတဲ့ လမ်းကြောင်း

မက်ဆီရဲ့ လက်ရှိ အိမ်ကွင်း ဖြစ်တဲ့ မိုင်ယာမီမှာ ကစားမယ့် ၃၂ သင်း အဆင့်မှာ အာဂျင်တီးနားဟာ ကိပ်ဗာဒီနဲ့ ရင်ဆိုင်ရမှာပါ။ ကိပ်ဗာဒီ ဂိုးသမား ဗိုဇင်ညာဟာ လူမှုကွန်ရက်ပေါ်မှာ လက်စွမ်းကြောင့် နာမည်ကြီးနေပေမယ့် သူတို့ဟာ ရှုံးထွက်တက်လာတဲ့ အသင်းတွေထဲမှာ ဖီဖာ အဆင့် သတ်မှတ်ချက် ဒုတိယ အနိမ့်ဆုံး အသင်း ဖြစ်ပါတယ်။

အဲဒီနောက်မှာလည်း ခြေစွမ်းပိုင်း အားရစရာ သိပ်မရှိသေးတဲ့ သြစတြေးလျ ဒါမှမဟုတ် အီဂျစ်နဲ့ ဆက်တွေ့မှာ ဖြစ်သလို၊ ဆီမီးဖိုင်နယ် မတိုင်ခင်အထိ ဖီဖာ အဆင့် သတ်မှတ်ချက် အဆင့် ၁၀ အတွင်းက အသင်း တစ်သင်းနဲ့မှ ရင်ဆိုင်ရဖို့ မရှိပါဘူး။ ဒါကြောင့် မက်ဆီ အနေနဲ့ ပြိုင်ပွဲအဆင့်ဆင့်ကို အဝေးကြီး အထိ ဆက်သွားနိုင်ဖို့ လမ်းပွင့်နေပြီး ၁၉၇၀ တုန်းက ဂတ်မူလာ တင်ထားတဲ့ ၁၀ ဂိုးစံချိန် ဒါမှမဟုတ် ၁၉၅၈ က ဂျတ်ဖွန်တိန်းရဲ့ ၁၃ ဂိုး စံချိန်တွေ ကိုပါ ခြိမ်းခြောက်လာနိုင်ပါတယ်။

 

ပြင်သစ်ရဲ့ စူပါစတား နှစ်ဦး (အမ်ဘာပေးနဲ့ ဒမ်ဘီလီ)

မက်ဆီကို ဖိအားအပေးနိုင်ဆုံးသူ ကတော့ ပြင်သစ် အသင်းရဲ့ ကီလီယန် အမ်ဘာပေးပါပဲ။ သူဟာ လောလောဆယ် ၄ ဂိုး သွင်းယူထားပြီး ၂၀၂၂ တုန်းက သူသွင်းခဲ့တဲ့ ၈ ဂိုး စံချိန်ကို လိုက်မီဖို့ (သို့မဟုတ်) ကျော်ဖြတ်ဖို့ ခြေလှမ်းပြင်နေပါတယ်။ နောက်တစ်ယောက် ကတော့ လက်ရှိ ဘယ်လွန်ဒေါဆုရှင် အူစမန်နီ ဒမ်ဘီလီ ဖြစ်ပါတယ်။ အဖွင့်ပွဲမှာ ရုန်းကန်ခဲ့ရပေမယ့် အီရတ်နဲ့ ပွဲမှာ ဂိုးပေါက် စတွေ့ခဲ့ပြီး နော်ဝေနဲ့ ပွဲမှာတော့ မိနစ် ၃၀ အတွင်း ဟက်ထရစ် သွင်းယူခဲ့တာကြောင့် အမ်ဘာပေးနဲ့ အတူ ၄ ဂိုးစီ တူညီသွားခဲ့ပါပြီ။ သူသာ ဒီခြေစွမ်း အတိုင်း ဆက်သွားရင် ရွှေဖိနပ်ဆုက သူ့လက်ထဲ အလိုလို ရောက်လာနိုင်ပါတယ်။

 

ဟာလန်း၊ ဗင်နီးစီယပ်စ် နဲ့ တခြားသော ခြိမ်းခြောက်နိုင်သူများ

ဒီ ၆ ဂိုး ဆိုတဲ့ ပမာဏဟာ အရင် ကမ္ဘာ့ဖလား ပြိုင်ပွဲပေါင်း ၁၂ ကြိမ်မှာ ရွှေဖိနပ်ဆုကို အပြတ်အသတ် (သို့မဟုတ်) ပူးတွဲရရှိနိုင်တဲ့ ဂိုးပမာဏမျိုး ဖြစ်ပါတယ်။
ဒီရာသီမှာ ပြိုင်ပွဲစုံ ပွဲ ၆၀ ကစားပြီး ဂိုး ၇၀ သွင်းထားတဲ့ ဟယ်ရီကိန်း

ပြင်သစ် နှစ်ယောက်နဲ့ အတူ အုပ်စုအဆင့်မှာ ၄ ဂိုး စီ သွင်းထားနိုင်သူတွေ ကတော့ ကမ္ဘာ့အကြောက်ရဆုံး တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဗင်နီးစီယပ်စ် ဂျူနီယာနဲ့ အာလင်း ဟာလန်းတို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ လာမယ့် ဇူလိုင် ၅ ရက်နေ့မှာ ထိပ်တိုက်တွေ့ဆုံဖို့ ရှိနေပြီး အနိုင်ရတဲ့သူ ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားရဲ့ ရွှေဖိနပ်ဆု ပြိုင်ပွဲမှာ အဓိက စိန်ခေါ်သူ ဖြစ်လာမှာပါ။

ဒီရာသီမှာ ဘေယန်မြူးနစ်နဲ့ အင်္ဂလန် အသင်း အတွက် ပွဲ ၆၀ ကစား၊ ဂိုး ၇၀ အထိ သွင်းထားတဲ့ သွင်းဂိုး ဘုရင် ဟယ်ရီကိန်း ကလည်း ၃ ဂိုးနဲ့ နောက်ကနေ ကပ်လိုက်နေပါတယ်။ အင်္ဂလန် အသင်းသာ ဆီမီးဖိုင်နယ် အထိ တက်လှမ်းနိုင်ရင် ကိန်း အတွက် အခွင့်အရေးတွေ အများကြီး ရှိလာမှာပါ။

ဂျာမနီရဲ့ ဒန်းနစ် အွန်ဒက်ဗ် (၃ ဂိုး)၊ နယ်သာလန်ရဲ့ ဘရိုင်ယန် ဘရော့ဘီ (၃ ဂိုး)၊ ဘရာဇီးလ်ရဲ့ မားတီးယပ်စ် ကူညာ (၃ ဂိုး)၊ ကနေဒါရဲ့ ဂျွန်နသန် ဒေးဗစ် (၃ ဂိုး) နဲ့ စပိန်ရဲ့ အိုယာဇာဘယ် (၂ ဂိုး) တို့ အပြင် စပိန်ရဲ့ လူငယ် ကြယ်ပွင့် လာမင်း ယာမယ် ကလည်း အချိန်မရွေး ဂိုးတွေ ဆက်တိုက် သွင်းပြီး အလှည့်အပြောင်း လုပ်သွားနိုင်ပါတယ်။

အတိတ်တုန်းက သောမတ်စ် မူလာ ဒါမှမဟုတ် ဒါဗို ဆူကာတို့ ရွှေဖိနပ်ဆု ရခဲ့တဲ့ အချိန်တွေနဲ့ ယှဉ်ရင် အခု ၂၀၂၆ ခုနှစ်ရဲ့ ရွှေဖိနပ်ဆု ပြိုင်ပွဲ ကတော့ အရည်အသွေးရော အရေအတွက်ပါ တကယ်ကို အဆင့်အတန်း မြင့်မားလွန်းလှပါတယ်။ ကမ္ဘာ့ဘောလုံးသမိုင်းမှာ အကောင်းဆုံး ဂိုးသွင်းရှင်တွေလို့ သတ်မှတ်ခံထားရသူတွေ အားလုံးက တစ်ပြိုင်နက်တည်း ခြေစွမ်းပြနေကြတာမို့ အခုနှစ် ရွှေဖိနပ်ဆု ပြိုင်ပွဲဟာ နောင်ဆယ်စုနှစ် များစွာ အထိ ပရိသတ်တွေ ပါးစပ်ဖျားမှာ ရာဇဝင်တွင်ကျန်ရစ်မယ့် ပြိုင်ပွဲကြီး ဖြစ်လာတော့မှာ သေချာပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်