၂၀၂၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲတဲ့ အသင်းဟာ ဆုကြေးငွေ အဖြစ် အမေရိကန် ဒေါ်လာ သန်း ၅၀ ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါဟာ ဖီဖာက စံချိန်တင် ချီးမြှင့်မယ့် ဘဏ္ဍာရေး ထောက်ပံ့မှုရဲ့ တစိတ်တပိုင်း ဖြစ်ကြောင်း ကမ္ဘာ့ဘောလုံးအဖွဲချုပ်က ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
ဖီဖာဟာ ဒီပြိုင်ပွဲ အတွက် စုစုပေါင်း ဆုကြေး ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၆၅၅ သန်း (ယူရို ၅၅၈.၅ သန်း) သတ်မှတ်ထားတာ ဖြစ်ပါတယ်။ အချက်အလက်တွေအရ ဆိုရင် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားတုန်းက ခွဲဝေပေးခဲ့တဲ့ အမေရိကန် ဒေါ်လာ သန်း ၄၄၀ ထက် ၅၀ ရာခိုင်နှုန်း နီးပါး ပိုများနေတာ ဖြစ်ပါတယ်။ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါ တို့မှာ ဇွန် ၁၁ ကနေ ဇူလိုင် ၁၉ အထိ ပူးတွဲကျင်းပမယ့် လာမယ့်နှစ် ကမ္ဘာ့ဖလားမှာ အသင်းပေါင်း ၄၈ သင်း ပါဝင်မှာ ဖြစ်ပါတယ်။
ဒီလို အသင်း အရေအတွက် တိုးပြီး ကျင်းပခဲ့တာက သမိုင်းတလျှောက် ပထမဦးဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားတွေထက် အသင်း အရေအတွက် ၅၀ ရာခိုင်နှုန်း ပိုများလာခဲ့တာပါ။ ကာတာ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ ပြင်သစ်ကို ပယ်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့တဲ့ လီယွန်နယ် မက်ဆီ ဦးဆောင်တဲ့ အာဂျင်တီးနား ဘောလုံးအဖွဲချုပ်ဟာ ဆုကြေးငွေ ဒေါ်လာ ၄၂ သန်း ရရှိခဲ့ပါတယ်။

အဲဒီနောက် ပြင်သစ် လက်ရွေးစင် အသင်းက ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်ခဲ့တာကြောင့် အမေရိကန် ဒေါ်လာ သန်း ၃၀ ရခဲ့ပါတယ်။ လာမယ့် ၂၀၂၆ ပြိုင်ပွဲ မှာတော့ ဒုတိယရတဲ့ အသင်းက ဒေါ်လာ ၃၃ သန်း အထိ ပိုင်ဆိုင်မှာ ဖြစ်ပြီး တတိယရတဲ့ အသင်းက ၂၉ သန်းနဲ့ စတုတ္ထ ရတဲ့ အသင်းက ၂၇ သန်း အထိ အသီးသီး ရရှိကြမှာ ဖြစ်ပါတယ်။
အုပ်စု အဆင့်နဲ့ လှည့်ပြန်ရတဲ့ အသင်းတွေ ကတော့ အမေရိကန် ဒေါ်လာ ၉ သန်းစီ ရရှိမှာ ဖြစ်သလို၊ ပြိုင်ပွဲဝင် ၄၈ သင်းစလုံးဟာ “ပြင်ဆင်စရိတ်” အတွက် အမေရိကန် ဒေါ်လာ ၁.၅ သန်းစီ အပိုဆောင်း ရရှိကြဦးမှာ ဖြစ်ပါတယ်။ တဖက် မှာလည်း ၂၀၂၆ ပြိုင်ပွဲရဲ့ လက်မှတ်ဈေးနှုန်းတွေ အပေါ် ပရိသတ်တွေ ဆီက ပြင်းထန်တဲ့ ဝေဖန်မှုတွေကြောင့် ပွဲစီစဉ်သူတွေက ဈေးသက်သာတဲ့ လက်မှတ် အမျိုးအစားသစ်ကို အင်္ဂါနေ့က မိတ်ဆက်ခဲ့ပါတယ်။
သတင်းတွေအရ ဆိုရင် ဖီဖာက ဗိုလ်လုပွဲ အပါအဝင် ပွဲစဉ် ၁၀၄ ပွဲစလုံး အတွက် အမေရိကန် ဒေါ်လာ ၆၀ တန် လက်မှတ် အရေအတွက် အကန့်အသတ်ကို ဖန်တီးပေးထားတယ်လို့ သိရပါတယ်။ ဒီအစီအစဉ်က ‘ကိုယ့်နိုင်ငံအသင်း နောက်ကို ပြိုင်ပွဲ တလျှောက် လိုက်လံ အားပေးမယ့် ခရီးသွား ပရိသတ်တွေကို ပံ့ပိုးပေးဖို့’ ရည်ရွယ်ထားတာ ဖြစ်ကြောင်း သိရပါတယ်။
ဒါပေမယ့် တစ်ဖက်မှာ လက်မှတ်ဈေးနှုန်းတွေက အဆမတန် ဈေးကြီးလွန်းနေကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ကတော့ လာမယ့် ဇွန်လ ၁၁ ရက်နေ့ ကနေ ဇူလိုင်လ ၁၉ ရက်နေ့ အထိ ကနေဒါ၊ မက္ကဆီကို၊ အမေရိကန် ၃ နိုင်ငံမှာ ပူးတွဲကျင်းပသွားမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


