နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဟယ်ရီကိန်းရဲ့ ခြေစွမ်း အပေါ် သံသယမရှိကြောင်း ပြောကြားလိုက်တဲ့ တူချယ် | ကမ္ဘာ့ဖလား

အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ နည်းပြ သောမက်စ် တူချယ် ကတော့ အသင်းခေါင်းဆောင် တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ ခြေစွမ်း အပေါ် သံသယ မရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ အင်္ဂလန်က အန်ဒိုရာကို ၂-၀နဲ့ အနိုင်ရရှိခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ဟယ်ရီကိန်း အနေနဲ့ ခြေစွမ်းမပြနိုင်ခဲ့တာကြောင့် ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။

ကိန်းဟာ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံးထိချက် ၁၂ ကြိမ်သာ ရှိခဲ့သလို၊ ဂိုးပေါက် ကန်ချက် ကလည်း နှစ်ကြိမ်သာ ရရှိခဲ့တဲ့ အထိ ရုန်းကန်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ ကိန်းလို တိုက်စစ်မှူး တစ်ဦး အတွက် တော်တော်လေး ဆိုးရွားတဲ့ စွမ်းဆောင်ရည်လို့ ဆိုနိုင်ပြီး အန်ဒိုရာလို အသင်းငယ်လေးနဲ့ တွေ့ဆုံချိန်မှာ အခုလို ရုန်းကန်ခဲ့ရတာကြောင့်လည်း သုံးသပ်သူ တချို့ရဲ့ ဝေဖန်ခြင်းကို ခံနေရတာ ဖြစ်ပါတယ်။ ပွဲချိန် ၇၈ မိနစ်မှ လူစားဝင်လာတဲ့ မော်ဂန် ဂစ်ဘ်-ဝှိုက် ကတောင် ဘောလုံးထိချက် ၂၅ ကြိမ် အထိ ရှိခဲ့ပြီး ကိန်းထက် နှစ်ဆ ပိုများခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အချက်အလက်တွေ အရ ကိန်းရဲ့ ဘောလုံးထိချက် ၁၂ ကြိမ်ဟာ အန်ဒိုရာရဲ့ ပွဲထွက် ကစားသမား ၁၁ ယောက်မှာ ၁၀ ယောက်ထက် နည်းခဲ့ပါသေးတယ်။

ကိန်းဟာ အော့စ်ဘက်ဂျ်နဲ့ ပွဲမတိုင်ခင် အထိ အဓိက ပြိုင်ပွဲတွေမှာ ၃ ပွဲ ဆက်တိုက် ဂိုးသွင်းထားနိုင်ပြီး အော့စ်ဘက်ဂျ်နဲ့ ပွဲမှာလည်း ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး MOTM ရခဲ့ပါတယ်။ နည်းပြ သောမက်စ် တူချယ် ကတော့ သူ့ရဲ့ တိုက်စစ်မှူး ဘက်ကနေ ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပြီးတော့ ယုံကြည်မှုလည်း ရှိကြောင်း အခုလို ပြောဆိုသွားခဲ့ပါတယ်။

အင်္ဂလန် ကတော့ လက်ရှိ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု K မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အတူ အုပ်စု ထိပ်ဆုံး ကနေ ဦးဆောင်နေပါတယ်။
တိုက်စစ် အတွက် ရွေးချယ်စရာ အများအပြား ရှိနေပါတယ် ဆိုတဲ့ တူချယ်

“ကစားသမားတိုင်း အတွက် ရာသီ အစပိုင်းက အမြဲတမ်း ဒီလိုပဲလို့ ကျွန်တော် ထင်ပါတယ်။ ကိုယ့်ရဲ့ ပုံမှန် ခြေစွမ်းကို ရှာတွေ့ဖို ကြိုးစားကြရမှာ ဖြစ်ပြီး အဲဒါ ကလည်း မကြာခင်မှာ ရရှိလာပါလိမ့်မယ်။ သူ ဘေယန် အတွက် ၄ ဂိုး၊ ၅ ဂိုး သွင်းပေးထားပြီးပါပြီ။ ဒါကြောင့် သူ့ကို သံသယမရှိပါဘူး။” လို့ တူချယ်က ပြောကြားသွားခဲ့ပါတယ်။

တူချယ်က နံပါတ် ၉ နေရာ အတွက် ရွေးချယ်စရာတွေ အများကြီး ရှိနေတာကြောင့် လာမယ့် ကမ္ဘာ့ဖလားမှာ ဘယ်သူက အခွင့်အရေးရမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး တူချယ်က “ကျွန်တော်တိုမှာ အိုလီ (ဝက်ကင်န်) ရှိတယ်။ ဟယ်ရီ ရှိတယ်။ မားကပ်စ်လည်း အဲဒီနေရာမှာ ကစားနိုင်တယ်။ ဘိုဝင် ကလည်း အဲဒီနေရာမှာ ကစားနိုင်တယ်။ ဂေါ်ဒွန်လည်း နယူးကာဆယ် အတွက် အဲဒီနေရာမှာ ကစားခဲ့သေးတယ်။ ဖိုဒန် ကလည်း နံပါတ် ၉ နေရာမှာ ကစားနိုင်တယ်၊ မော်ဂန် ရော်ဂျာစ်လည်း ကစားနိုင်တယ်။ ဒါကြောင့် ဘယ်သူက အကောင်းဆုံး ပုံစံပြသနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။” လို့ ပြောကြားခဲ့ပါသေးတယ်။ အင်္ဂလန်ဟာ လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့မှာတော့ ဆားဘီးယားနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဆက်လက် ကစားရဦးမှာ ဖြစ်ပါတယ်။ အင်္ဂလန် ကတော့ လက်ရှိ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု K မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အတူ အုပ်စု ထိပ်ဆုံး ကနေ ဦးဆောင်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်