နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆီနီဂေါ အသင်းရဲ့ သမိုင်းကြောင်းနဲ့ သိထားသင့်သော အချက်အလက်များ | ၂၀၂၂ ကမ္ဘာ့ဖလား

အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဆီနီဂေါ အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။

 

ဆီနီဂေါ လက်ရွေးစင် အသင်း အကျဉ်းချုပ်

ဆီနီဂေါတို့ အသင်းရဲ့ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၃ ကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပြီး လွယ်လွယ်ကူကူ ခြေစစ်ပွဲ အောင်မြင်ခဲ့တာတော့ မဟုတ်ပါဘူး။ အာဖရိကဇုန် Play-Off ဗိုလ်လုပွဲမှာ အီဂျစ်လို အသင်းကို ပင်နယ်တီနဲ့ ခက်ခက်ခဲခဲ ကျော်ဖြတ်ပြီးမှ နောက်ဆုံး အဆင့် အုပ်စု တစ်နေရာစာ ရခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရ ဆီနီဂေါဟာ နယ်သာလန်နဲ့ အတူ ရှုံးထွက်တက်ဖို့ ရေပန်းစားနေတဲ့ အသင်းလို့ ပြောလို့ ရပါတယ်။ တကယ်တမ်းလည်း ဆီနီဂေါတို့ ရွှေရောင် မျိုးဆက်တစ်ခု ပိုင်ဆိုင်ထားပြီး လက်ရှိ အနေအထားအရ အသင်းကြီးတွေကို ခြေရည်တူ ယှဉ်ကစားနိုင်သလို တော်ရုံ အသင်းတွေ ကိုတော့ အသာအယာ အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ဆာဒီယို မာနေး၊ အစ္စမေလာ ဆား၊ ဂေးဟ်၊ နမ်ပလီ မန်ဒီ၊ ကိုယာတေး၊ ဘူနာ ဆား၊ ဒီယာလို၊ ကာလီဒူ ကူလီဘာလီ၊ အက်ဒ်ဝက် မန်ဒီ တို့လို ကစားသမားတွေ ပိုင်ဆိုင်ထားပြီး အာဖရိကဖလားတုန်းက ခြေစွမ်း အတိုင်း ဆက်ထိန်းထားနိုင်ရင်တော့ ရှုံးထွက်တက်ဖို့ မခက်ပါဘူး။ ပီအက်စ်ဂျီ ခံစစ်နဲ့ ကွင်းလယ် ကစားသမားဟောင်း ဖြစ်ခဲ့တဲ့ နည်းပြ အာလီယူ ဆစ်ဆီ တစ်ယောက် အာဖရိကဖလား အပြီးမှာ ဆီနီဂေါကို ဘယ်လောက် အတိုင်းအတာ အထိ အောင်မြင်မှုတွေ ရရှိအောင် လမ်းပြပေးနိုင်ဦးမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အမည်ပြောင် – တီရန်ဂါ ခြင်္သေ့များ

အဖွဲ့ချုပ် – ဆီနီဂေါ ဘောလုံး အဖွဲ့ချုပ်

စတင် တည်ထောင်သည့် ခုနှစ် – ၁၉၆၀

အရောင် – အဖြူရောင်နှင့် အစိမ်းရောင်

နည်းပြချုပ် – အာလီယူ ဆစ်ဆီ

အသင်းခေါင်းဆောင် – ကာလီဒူ ကူလီဘာလီ

ပွဲအများဆုံး ကစားထားသူ – ဟင်နရီ ကာမာရာ (၉၉ ပွဲ)

ဂိုးအများဆုံး သွင်းထားသူ – ဟင်နရီ ကာမာရာ (၂၉ ဂိုး)

ဖီဖာ အဆင့် ရပ်တည်မှု – ၁၈ (၂၀၂၂ ခုနှစ် ဇွန်လ အထိ)

 

ပထမဦးဆုံး နိုင်ငံတကာပွဲ

ဗြိတိန် ဂမ်ဘီယာ ၁-၂ ပြင်သစ် ဆီနီဂေါ (၁၉၅၉ ခုနှစ်)

 

အကြီးမားဆုံး နိုင်ပွဲ

ဆီနီဂေါ ၁၀-၁ မော်ရီတေးနီးယား (စက်တင်ဘာ ၂၈ ရက်၊ ၁၉၇၂ ခုနှစ်)

 

အကြီးမားဆုံး ရှုံးပွဲ

ဂီနီယာ ၅-၀ ဆီနီဂေါ (မတ်လ ၆ ရက်၊ ၁၉၆၆ ခုနှစ်)

 

ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု

ဂျေလိဂ်
ဆန်ဖရက်ကီ ဟီရိုရှီးမား
ဂျူဗီလို အီဝါတာ
1X2 ဂျူဗီလို အီဝါတာ @ 7.40
ဂိုးပေါ် 2.50 @ 2.11
ဂိုးပေါင် 0-1 @ 2.79
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဆီနီဂေါတို့ ပြင်သစ် ကိုလိုနီ လက်အောက်က လွတ်မြောက်ခဲ့ပြီးနောက် ၁၉၇၀ ခုနှစ်မှ ကမ္ဘာ့ဖလား ခြေစစ်ပွဲ စတင် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၂ ခုနှစ် ကိုရီးယား-ဂျပန် ကမ္ဘာ့ဖလားမှ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး မထင်မှတ်ထားတဲ့ အခြေအနေတွေ ကနေ ကွာတားဖိုင်နယ် အဆင့်ထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲ့နောက် ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄ ကမ္ဘာ့ဖလား တို့ကိုတော့ လွဲချော်ခဲ့ပြီး ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ ပြန်လည် အောင်မြင်ခဲ့ပေမယ့် အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ အခု ၂၀၂၂ ကမ္ဘာ့ဖလား မှာပါ ခြေစစ်ပွဲ ထပ်မံ အောင်မြင်ခဲ့တဲ့ ဆီနီဂေါတို့ ကမ္ဘာ့ဖလား ၂ ကြိမ် ဆက်တိုက် ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

 

အခြား အောင်မြင်မှု

ဆီနီဂေါရဲ့ အမြင့်ဆုံး အောင်မြင်မှု ကတော့ ၂၀၀၂ ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် ရောက်ခဲ့တာနဲ့ ၂၀၂၁ အာဖရိကနိုင်ငံများ ဖလား ချန်ပီယံ ဖြစ်ခဲ့တာပါ။ ဆီနီဂေါရဲ့ နိုင်ငံအဆင့် ဆုဖလား အောင်မြင်မှု တချို့ကို ပြန်ပြောရရင် အာဖရိကနိုင်ငံများဖလား ၁ ကြိမ်၊ အာဖရိကန်ဂိမ်း ရွှေတံဆိပ် ၁ ကြိမ်၊ အမ်မီကားလ် ကာဗရယ် ဖလား သို့မဟုတ် အနောက် အာဖရိကနိုင်ငံများဖလားမှာ ၈ ကြိမ် အထိ ချန်ပီယံဆု ရရှိထားတာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ Play-Off ဗိုလ်လုပွဲမှာ အီဂျစ်ကို ကျော်ဖြတ်လာခဲ့တဲ့ ဆီနီဂေါတို့ အိမ်ရှင် ကာတာ၊ နယ်သာလန်၊ အီကွေဒေါ တို့ ပါဝင်တဲ့ အုပ်စု A ကနေ ဝင်ရောက် ယှဉ်ပြိုင်ရမှာလည်း ဖြစ်ပါတယ်။

 

ကစားမည့် ရက်

ဆီနီဂေါ – နယ်သာလန် (နိုဝင်ဘာ ၂၁)

ကာတာ – ဆီနီဂေါ (နိုဝင်ဘာ ၂၅)

အီကွေဒေါ – ဆီနီဂေါ (နိုဝင်ဘာ ၂၉)

ချန်ပီယံ ဖြစ်ရန် အလေးပေးမှု

+၆၅၀၀

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်