နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အာဆင်နယ်နဲ့ ဒုတိယမြောက် ရာသီ အတွက် အသင့်ဖြစ်နေတဲ့ ယောကရက်စ် | ပရီးမီးယားလိဂ်

ဗစ်တာ ယောကရက်စ်ဟာ အာဆင်နယ်နဲ့ ပထမဆုံး ရာသီမှာတင် ပရီးမီးယားလိဂ် ဖလားကို ဆွတ်ခူးထားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆွီဒင်သားက အခုအခါမှာတော့ လာမယ့် ရာသီသစ် အတွက် ခန္ဓာကိုယ် ကြံ့ခိုင်မှုပိုင်း ပိုမို ကောင်းမွန်နေပြီလို့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ယောကရက်စ်က သူ့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာအရ အရင်ကထက် ပိုမို ကြံ့ခိုင်ကောင်းမွန်နေသလို အာဆင်နယ် အသင်းဖော်တွေ အနေနဲ့လည်း ၂၀၂၆-၂၇ ရာသီမှာ စိန်ခေါ်မှု မှန်သမျှကို ရင်ဆိုင်ဖို့ အသင့် ဖြစ်နေပြီလို့ အာမခံ ပြောကြားခဲ့ပါတယ်။

အသက် ၂၈ နှစ် အရွယ် ဆွီဒင် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ နွေရာသီက စပို့တင်းလစ္စဘွန်းမှာ နှစ်ရာသီ အတွင်း ၆၈ ဂိုး အထိ သွင်းယူခဲ့ပြီးနောက် ပေါင် ၆၃.၅ သန်း (ယူရို ၇၃.၅ သန်း) နဲ့ အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့တာပါ။ မြောက်လန်ဒန်မှာ ကစားခဲ့တဲ့ ပထမဆုံး ရာသီမှာတော့ ပြိုင်ပွဲစုံ ၅၅ ပွဲမှာ ၂၁ ဂိုး သွင်းယူပေးခဲ့ပြီး နည်းပြ မီခဲလ် အာတေးတားရဲ့ အသင်းမှာ ဂိုးအများဆုံး သွင်းယူသူ ဖြစ်ခဲ့ပါတယ်။

သူ့ရဲ့ ကစားဟန်နဲ့ ပတ်သက်လို့ ဝေဖန်မှု တချို့ ရှိခဲ့ပေမဲ့ အာဆင်နယ် အသင်းကို နှစ်ပေါင်း ၂၂ နှစ် အတွင်း ပထမဆုံး ပရီးမီးယားလိဂ် ဖလား ရရှိအောင်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ တက်လှမ်းနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ယောကရက်စ်ဟာ ၂၀၂၄-၂၅ ရာသီတုန်းက စပို့တင်း အတွက် လိဂ်ပွဲ ၃၃ ပွဲမှာ ၃၉ ဂိုး အထိ သွင်းယူကာ အသင်းရဲ့ ၂၁ ကြိမ်မြောက် ပေါ်တူဂီလိဂ်ဖလားကို ရယူပေးခဲ့သူပါ။ အဲဒီအချိန်က ဥရောပ ထိပ်သီး လိဂ် ၁၀ ခုရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်ခဲ့ပြီး ဒုတိယမြောက် ဂိုးအများဆုံး သွင်းယူသူ ကီလီယန် အမ်ဘာပေးထက် ၈ ဂိုး အထိ ပိုမို သွင်းယူနိုင်ခဲ့ပါတယ်။

ဒီနွေရာသီ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတော့ ဆွီဒင် အသင်းဟာ ၃၂ သင်း အဆင့်မှာ ပြင်သစ်ကို ရှုံးနိမ့်ပြီး ထွက်ခွာခဲ့ရတာကြောင့် ယောကရက်စ်ဟာ တခြားသူတွေထက် စောစီးစွာ အသင်းဆီ ပြန်လည် ရောက်ရှိလာပြီး ရာသီကြို လေ့ကျင့်ခန်းတွေ ဆင်းနေခဲ့ကာ သွင်းဂိုးတွေလည်း ပြန်လည် ရရှိနေပြီ ဖြစ်ပါတယ်။

အမ်းမရိတ်စ်ဖလား ပွဲစဉ် အဖြစ် ဒေါ့မန်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ယောကရက်စ်က အာဆင်နယ် အတွက် ပင်နယ်တီ ကန်သွင်းပေးခဲ့သလို ဂိုးကန်သွင်းမှု (၄ ကြိမ်)၊ ပြိုင်ဘက် ပယ်နယ်တီ ဧရိယာ အတွင်း ဘောလုံး ထိတွေ့မှု (၆ ကြိမ်) နဲ့ ပြစ်ဒဏ်ဘော ရရှိမှု (၂ ကြိမ်) စတဲ့ အချက်အလက်တွေ မှာလည်း အသင်းမှာ အများဆုံး ရရှိခဲ့သူ ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ် အဖြစ် ကိုဗင်ထရီစီးတီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။
အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၅၅ ပွဲမှာ ၂၁ ဂိုး သွင်းယူပေးခဲ့တဲ့ ယောကရက်စ်

“အရင် ရာသီကြို ကာလတွေထက် ပိုပြီးတော့ အရမ်းကို ကောင်းမွန်တဲ့ ခံစားချက်မျိုး ရရှိနေပါတယ်။ လေ့ကျင့်ချိန် သီတင်းပတ် ပိုရခဲ့သလို ရုပ်ပိုင်းဆိုင်ရာအရလည်း အရမ်း အရမ်းကို အဆင်ပြေနေပါတယ်။ ပြန်လာရတာ၊ ကွင်းအတွင်း ပရိသတ်တွေရဲ့ အားပေးသံကို ပြန်လည် ခံစားရတာ အံ့ဩဖို့ ကောင်းပေမဲ့ ရလဒ်ကောင်း ကိုလည်း လိုချင်ခဲ့တာပါ။ အခုဆိုရင် ကမ္ဘာ့ဖလား ကနေ အားလုံး ပြန်ရောက်လာကြပြီ ဖြစ်လို့ ရှေ့ဆက်လာမယ့် အရာအားလုံး အတွက် အသင့် ဖြစ်နေမယ် ဆိုတာ သေချာပါတယ်” လို့ ယောကရက်စ်က ကလပ် ဝက်ဘ်ဆိုက်ကို ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ရီးရဲလ် ဘက်တစ်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ဒေါ့မန်ကို ထပ်မံ ရှုံးနိမ့်ခဲ့ရတဲ့ အာဆင်နယ်ရဲ့ ရာသီကြို ခြေစမ်းပွဲ စွမ်းဆောင်ရည် အပေါ်တော့ ယောကရက်စ်က ဝေဖန် ပြောဆိုသွားခဲ့ပါတယ်။ အဲဒီပွဲမှာ ဒေါ့မန်က ဆာမူအယ်လီ အင်နာစီယို နဲ့ ကွန်စတန်တီနို့စ် ကာရက်ဆတ်စ် တို့ရဲ့ ဂိုးတွေနဲ့ ဦးဆောင်နေခဲ့တာပါ။ အဲဒီနောက် ခရစ္စတို ဇိုးလစ်ရဲ့ ဖန်တီးမှုက တစ်ဆင့် အီသန် နွမ်နရီက အာဆင်နယ်အတွက် ချေပဂိုး တစ်ဂိုး ပြန်လည် သွင်းယူပေးခဲ့ပေမယ့် နည်းပြ နီကို ကိုဗက်ရဲ့ ဒေါ့မန် အသင်းက ထောင့်ကန်ဘောက တစ်ဆင့် ဂျိုအာနီ ဂါဒူ ရဲ့ ဂိုးနဲ့ နှစ်ဂိုးပြတ် ပြန်လည် ဦးဆောင်သွားခဲ့ပါတယ်။

ဒေါ့မန်က ကာဝါ ပရာတက်စ် က ဇိုလစ်စ်ကို ပြစ်ဒဏ်ဘော ကျူးလွန်ခဲ့တာကြောင့် ရရှိလာတဲ့ ပင်နယ်တီကို ယောကရက်စ် က အပြင်းပြင်း ပြန်လည် ကန်သွင်းယူခဲ့ပေမယ့်လည်း အာဆင်နယ်တို့ အနိုင်ဂိုး ပြန်လည် မသွင်းယူနိုင်ခဲ့ပါဘူး။ “ကျွန်တော်တို့ အခွင့်အရေးကောင်း တချို့ ဖန်တီးနိုင်ခဲ့ပြီး ပထမပိုင်းမှာတင် ဂိုး တချို့ ရရှိခဲ့သင့်တာပါ။ ဒါပေမယ့် ပေးလိုက်ရတဲ့ ဂိုးတွေ အတွက်တော့ ကျွန်တော်တို့ ထို့ထက် ပိုမို ကောင်းမွန်အောင် ပြင်ဆင်ရပါမယ်။ ဒုတိယပိုင်း ထောင့်ကန်ဘော ကနေ ပေးလိုက်ရတဲ့ ဂိုးလည်း ဒီလိုပါပဲ။ ကံမကောင်းတာ ပါပေမယ့် ပိုမို ကောင်းမွန်အောင် လုပ်ဆောင်ဖို့ လိုအပ်နေပါသေးတယ်။ ဒီလို ဂိုးတွေ မပေးရအောင် သေချာ ဂရုစိုက်ရမှာ ဖြစ်ပြီး ဒုတိယပိုင်းမှာ နှစ်ဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ပြင်ဆင်စရာတွေ အများကြီး ကျန်ရှိနေပါသေးတယ်” လို့ ယောကရက်စ်က ဖြည့်စွက် ပြောကြားသွားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ရာသီသစ် အဖွင့်ပွဲစဉ် အဖြစ် ကိုဗင်ထရီစီးတီးနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်