နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ယူနိုက်တက်မှာ ဆက်စ်ကို ဘာကြောင့် ရုန်းကန်ရနိုင်သလဲ ဆိုတာ ရှင်းပြလိုက်တဲ့ ဆာဟာ | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း လူးဝစ္စ ဆာဟာ ကတော့ တိုက်စစ်မှူးသစ် ဘင်ဂျာမင် ဆက်စ်ကို အနေနဲ့ သူ့ရဲ့ ပွဲဦးထွက် ရာသီ အိုးထရက်ဖို့ဒ်မှာ “ရုန်းကန်ရမယ်” လို့ သုံးသပ်လိုက်ပါတယ်။ ဆက်စ်ကို ကတော့ ဒီနွေရာသီ အပြောင်းအရွှေ့မှာ လိုက်ပ်ဇစ် ကနေ ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ကို ပေါင် ၇၄ သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။

အဓိက ကတော့ ယူနိုက်တက်ဟာ သူတို့ရဲ့ တိုက်စစ်ပိုင်း အားနည်းမှု ပြဿနာကို ဖြေရှင်းဖို့ ဆလိုဗေးနီးယားသားကို အားကိုးတကြီး ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လိုက်ပ်ဇစ်မှာ နှစ်ရာသီကြာ ကစားပြီး ၃၉ ဂိုး သွင်းယူခဲ့တဲ့ ဆက်စ်ကိုက အနာဂတ်မှာ တောက်ပလာမယ့် ကြယ်ပွင့် အဖြစ် သတ်မှတ်ခံထားရပေမယ့် ယူနိုက်တက် ကစားသမားဘဝ အစောပိုင်း မှာတော့ အသင်းဖော်တွေရဲ့ ပံ့ပိုးမှု အားနည်းခြင်းကြောင့် အခုချိန်ထိတော့ သွင်းဂိုးတွေ မရရှိသေးပါဘူး။

The Athletic FC Podcast မှာ ဆာဟာက ဆက်စ်ကိုနဲ့ ပတ်သတ်လို့ အခုလိုပဲ သုံးသပ်သွားခဲ့တာ ဖြစ်ပါတယ်။ “မန်နေဂျာက ကွင်းလယ်နဲ့ တိုက်စစ် အကြား ချိတ်ဆက်မှုကို အဖြေရှာနိုင်ခဲ့ရင်တော့ သူ (ဆက်စ်ကို) လုပ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။” လို့ ယူနိုက်တက် အတွက် ၁၂၄ ပွဲ ကစားပေးခဲ့တဲ့ ပြင်သစ်သားက ပြောကြားခဲ့ပါတယ်။ “ကံမကောင်းစွာပဲ၊ ကျွန်တော်တို့ လိုချင်တဲ့ ကွင်းလယ် ကစားသမားကို မရရှိခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော် တို့ဟာ အဲဒီနေရာမှာ အရမ်းပဲ အားနည်းနေပါသေးတယ်။ အဲဒါကြောင့် ဆက်စ်ကိုက ဂိုးရဖို့ နည်းနည်းလောက် ရုန်းကန်ရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။”

“သူဟာ အရပ်ရှည်တာကြောင့် အရည်အချင်းရှိပြီး လေထဲမှာ ဂိုးတွေ သွင်းနိုင်သလို နည်းစနစ်ပိုင်းလည်း ကောင်းမွန်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှု အားလုံးက အဲဒီနေရာမှာ ရှိနေတဲ့ အတွက်ကြောင့် အခွင့်အရေးတွေ ရလာပြီး ဂိုးသွင်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါပေမယ့် ငါတို့ လိုချင်တဲ့ နေရာကို ရအောင် ယူဖို့၊ သူ့အပေါ်မှာ မူတည်နေတယ်လို့ ကျွန်တော် မထင်ပါဘူး။ နောက်ထပ် ကစားသမား နှစ်ယောက် ဖြစ်တဲ့ (မားသီးယက်စ်) ကူညာနဲ့ (ဘရိုင်ယန်) အမ်ဘူမို တို့လည်း မကြာခင်မှာ စတင် ကစားရတော့မှာ ဖြစ်ပြီး၊ မဟုတ်ရင်တော့ ဆက်စ်ကို ရုန်းကန်နေတာကို တွေ့ရဦးမှာပါ။” လို့ ဆာဟာက ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ဒီနွေရာသီမှာ ကွင်းလယ် တိုက်စစ် အတွက် အမ်ဘူမိုနဲ့ ကူညာ တို့ကို ခေါ်ယူနိုင်ခဲ့ပေမယ့် ဗဟို ကွင်းလယ် ကစားသမား တစ်ဦးကို ခေါ်ယူနိုင်ခြင်း မရှိခဲ့တဲ့ အတွက် စိုးရိမ်စရာ ဖြစ်နေဆဲပါ။ နည်းပြ ရူဘင် အမော်ရင် အနေနဲ့လည်း ဘရိုက်တန် ကွင်းလယ်လူ ကားလို့စ် ဘယ်လီဘာ့ကို အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ခဲ့ပေမယ့်လည်း ခေါ်ယူနိုင်ခြင်းတော့ မရှိပါဘူး။

ဆက်စ်ကို အနေနဲ့ လက်ရှိမှာ ယူနိုက်တက် အတွက် ၄ ပွဲ ကစားထားပြီး ပရီးမီးယားလိဂ် ၃ ပွဲ ကတော့ အရန်ခုံ ကနေ ဝင်ရောက်လာပြီး ဂိုးသွင်းနိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း အခုမှ ရာသီ အစ ဖြစ်တာကြောင့် ဆက်စ်ကို အနေနဲ့ ဆာဟာရဲ့ သုံးသပ်ချက်က မှားယွင်းကြောင်း သက်သေပြခွင့်တော့ ရှိနေပါသေးတယ်။ မန်ချက်စတာယူနိုက်တက် ကတော့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပွဲစဉ် ၃ ပွဲ ကစားချိန် ရမှတ် ၄ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ မြို့ခံ ပြိုင်ဘက် မန်စီးတီးနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်